unicode
"ဒွီ..ဒွီ....ဒွီ...”
အဆက်မပြတ်မြည်လာသော ဖုန်းသံကြောင့်..
မင်းရေစက်ထင် အိပ်နေယာမှ လန့်နိုးသွားသည်။
မျက်လုံးနှစ်ဖက်ကိုလက်ဖြင့်ပွတ်ကာ..ဖုန်းကိုကောက်ကိုင်လိုက်သည်။"ဟယ်လို..”
ထင်ထားသည့်အတိုင်း..မမကြီးပင်..
"အေး..ရေစက်ထင်..မင်းအခုထိပြန်မလာနိုင်သေးဘူးလား...ဟမ်...”
မနက်မိုးလင်း..တစ်ဖက်က.အော်ကြီးဟစ်ကျယ်
အသံစူးစူးကြောင့် မင်းရေစက်ထင် နားနဲ့ဖုန်းကို
တချက်ခွာပြီးမှပြန်ကပ်လိုက်ပြီး.."ပြန်လာတော့မှာပါ..မမကြီးရာ..
နောက်၃ရက်နေရင်ပြန်လာမယ်..ဟုတ်ပြီလား...”"ပြန်လာမှပဲဟေ့...မင်းသွားတာဘယ်လောက်ကြာနေပြီလဲ...ဒီမှာအလုပ်တွေကတပုံကြီး..
အမေရိက က ရုံးခွဲမှာလဲ ပြသနာ တွေပေါ်နေလို့
မင်းအမြန်ပြန်လာမှ ဖြစ်မယ်....နောက်ပြီး ..
ဒေလီယာ..နဲ့စေ့စပ်ဖို့လုပ်ရမယ်... ”"ဟာ..လုပ်ပြန်ပြီ မမရာ...ကျနော်သူ့ကိုသဘောမကျပါဘူး...စေ့လဲမစေ့စပ်နိုင်ဘူး...အခုကျနော်ပြန်လာမှာက..company ကိစ္စတွေကြောင့်ပဲ..
ကျန်တာတစ်ခုမှလုပ်မပေးနိုင်ဘူး..မမ
ပြီးတော့..ကျနော့်မှာ ချစ်သူရှိတယ်..ဒါပဲ...”မင်းရေစက်ထင် ပြောပြီးပြီးချင်း ဖုန်းကိုချပြစ်လိုက်သည်။တစ်ဖက်မှာတော့...
"တီ...တီ....တီ...”
"ဟဲ့..နေအုန်းလေ..အော်.....ဒီကောင်လေးနှယ်
ဖုန်းကိုဇွတ်ချသွားတယ်... ”ဒေါ်ပုလဲရေစက်ခင် တစ်ယောက် ဖုန်းကိုဧည့်စားပွဲပေါ်ပြန်တင်ကာ...မျက်နှာချင်းဆိုင် ထိုင်နေသည့်.ဘက်ကို့စကားဆိုလိုက်သည်။
"အဲ့တာသာ..ကြည့်တော့..ဒေလီရေ...အမမောင်ကအမြဲအဲ့အတိုင်း...တဇွတ်ထိုး..သူပြောချင်ရာတွေပြောပြီး ဖုန်းချသွားတယ် ကွယ်..”
"ဟုတ်လား..မမ..ကိုကိုကဘယ်တော့ပြန်လာမှာတဲ့လဲဟင်..”
"အဟင်းဟင်း..နောက်သုံး၊လေးရက်နေရင်ပြန်လာမယ်တဲ့... ”
"တကယ်... ဒါဆို ကိုကိုနဲ့ဒေလီ့စေ့စပ်ပွဲကရော..”
"ဖြစ်လာမှာပေါ့.. ဒေလီရယ်.. မင်းနဲ့အမမောင်နဲ့ကအလိုက်ဖက်ဆုံးစုံတွဲပဲလေ..”
![](https://img.wattpad.com/cover/286843391-288-k618881.jpg)
YOU ARE READING
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romanceရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔