unicode
နောက် နေ့မနက်
ကြာဉ ဟင်းချိုင့်ကိုင်ကာ သာယာအေးရဲ့အကြော်ဆိုင်သို့ထွက်လာခဲ့သည်။
အကြော်ဆိုင်ရောက်တော့ အကြော်ထိုင်စားနေသည့် လူ၃ယောက်လောက်နဲ့ ကြော်နေသည့်
သာယာအေးသာ ရှိသည်။"ဟဲ့ သာယာအေး ဒီမှာ မန်းကျည်းသီးမှည့်နဲ့ကြက်ဉ ချဉ်ချဉ်လေး ချက်ထားတာ ငါယူလာတယ်"
အကြော် ကြော်ရင်း သာယာအေးမှ ခေါင်းမော့ကြည့်ကာ..
"အေး.. ကြာဉ နောက်က စင်ပေါ်တင်ထား လိုက်"
ကြာဉလည်း ချိုင့်အားစင်ပေါ်တင်ပြီး သာယာအေးရဲ့ဘေးသို့ထိုင်ကာ
"ဟဲ့.. အကိုလေ "
"နင် သူ့အကြောင်းပြော မှာဆို ပြန်တော့.. "
"ဟာ နင်ကလည်း ငါဘာမှတောင် မပြောရသေးဘူး "
"ငါဘာမှ မသိချင်ဘူး ဟင်းလာပေးရုံမလား
ပြီးရင် ပြန်တော့..""နင်ကလည်းဟာ ငါ ပြောပြတာ နားထောင်ပါဉီး နင်လည်းသိချင်နေတာကို ဘာလို့ဟန်ဆောင်နေတာလဲ "
"ဘယ်မှာသိချင်လို့လဲ မသိချင်ပါဘူး"
"အေး နင်မသိချင်လည်း ငါကတော့ တာဝန်နဲ့ဝတ္တရားအရ ပြောရမှာပဲ.. ငါတို့ထင်ထားသလို မဟုတ်ဘူးဟ.. အကိုက သနားဖို့ကောင်းပါတယ် နိုင်ငံခြားက နေ ပြန်လာလို့မရတဲ့အကြောင်းအရင်း သူ့အမချောင်ပိတ်ရိုက်လို့ဖြစ်ရတာတဲ့ နောက်ပြီး သူနဲ့စေ့စပ်ဖို့စီစဉ်ထားတဲ့ကောင်မကလည်းအနားမှာမရှိတော့ဘူး
အခု သူက နင်နဲ့အပြီးနေဖို့ အိမ်ကနေအမွေဖြတ်အစွန့်လွတ်ခံပြီး ထွက်လာတာ ဟ"ကြာဉရဲ့စကားကြောင့် အကြော်ကြော်နေရာမှရပ်ကာ သာယာအေး ငြိမ်နေပြီး ဒယ်ထဲမှ အကြော်တွေကိုသာစိုက်ကြည့်နေသည်။
"ဟဲ့.. ဟဲ့...ငါတွေတွေးနေတာလဲ အကြော်တွေတူးတော့မယ် ဟဲ့"
အကြော်တွေကိုငေးပြီးငြိမ်ကျနေသည့်သာယာအေးကို ကြာဉမှ လက်မောင်းအားလှုပ်ကာမေးလိုက်သည်။ သာယာအေးလည်း တွေးနေရာမှ
"ဟမ်..အင်း အင်း ငါမသိချင်ဘူး သူ့အကြောင်း
သူနဲ့ငါဘာမှလည်းပတ်သတ်မှုမရှိတော့ဘူး
နင်ပြန်တော့"

KAMU SEDANG MEMBACA
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romansaရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔