unicode
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် အနက်ရောင် ကားတစီး အရှိန်ဖြင့်မောင်းနှင်နေသည်။
ကားထဲတွင်တော့ ရင်ခုန်စိတ်လှုပ်ရှားနေသည့်
လူသားတယောက်၊လေလေးတချွန်ချွန်နဲ့ပေါ့..။
ဟုတ်ပါသည် မင်းရေစက်ထင်ပါပဲ...။
အမဖြစ်သူ က အသက်အန္တာရယ်ပါ ခြိမ်းခြောက်ပြီး မသွားရဘူး တားနေသည့်ကြားက မရမက အမဖြစ်သူအား သေချင်သေ၊ရှင်ချင်ရှင်ဟု ထားခဲ့ကာ မိမိချစ်ရသူရှိရာသို့ထွက်လာခဲ့သည်။ တလမ်းလုံးလည်း စိတ်တွေအရမ်းလှုပ်ရှားနေသည်။ သာယာ့ကိုတွေ့ရင်
အကြာကြီးဖက်ထားမယ်၊အကြာကြီး ထွေးပွေ့ထားမယ်၊ အများကြီးလွမ်းနေကြောင်း၊အများကြီးသတိရနေကြောင်း နောက်ပြီး အများကြီးချစ်ကြောင်း တဝကြီးထိုင်ပြောမယ်...
မောင် လာပြီ... သာယာ...။မန္တလေးကနေတဆင့် သူငယ်ချင်းဖြစ်သူအိမ်မှာ ကားထားခဲ့ကာ..သူ့အကူ့အညီနဲ့ ဆိုင်ကယ်ဖြင့် ချစ်သူရှိရာ ရွာလေးသို့ လိုက်ပို့ခိုင်းသည်။
................
သာယာအေးတို့ ဒီနေ့ အကြော်ဆိုင်မထွက်ပါ
သမီးလေးမွေးနေ့တုန်းက ပင်ပန်းထားသည်မို့
ဆိုင်၂ရက်ပိတ်ထားသည်။"ကိုထက်... တစ်ညပဲ ဆိုပြီး ဒီနေ့ပါ ထက်အိပ်မို့လား.. "
သမီးလေးကို ပုခက်လွှဲသိပ်ရင်းက ဖျာပေါ်မှာပယ်ပယ်နယ်နယ်ထိုင်ပြီး ရေဒီယို ကိုကလိနေသည့် ထက်မြတ်ထွဋ်ခေါင် အား သာယာအေးမေးလိုက်သည်။
"ပြန်မှာပေါ့ သာယာရဲ့ ကိုယ့်ကိုနှင်လွှတ်နေတယ်ပေါ့.."
"ဟုတ်တယ်လေ... ၁၀နါရီ ထိုးတော့မယ်
နေ့လည်ဆို နေကပူတော့မှာ""ကိုယ့်ကို နေပူမှာကြောက်လို့လား "
"မဟုတ်ပါဘူး နှင်တာကလည်း အမေမရှိတုန်းနှင်ရတာ သူရှိရင် သူက ကိုထက်ဘက်က ပါမှာ
ပြန်စေချင်တာမဟုတ်ဘူး သူက""ဟားဟား ဒါနဲ့ ဒေါ်လေး ခုထိပြန်မလာသေးဘူး နော် "
"အင်း ကုလားပဲသွားဝယ်တာ ကိုရင်မောင်ပါ ပါတယ် စိတ်မပူနဲ့ "
ကိုထက်လည်းစကားမပြန်ပဲ ခေါင်းလေးညိမ့်ပြကာ လက်ထဲက ရေဒီယ်ိုကို သီချင်းပြန်ဖမ်းနေသည်။

YOU ARE READING
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romanceရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔