unicode
ငါဟာ မင်းအတွက် ကောင်းကင်တစ်ခုမဟုတ်တဲ့ လှောင်အိမ်ငယ်လေး ဖြစ်နေပေမဲ့......
တံခါးလေးတော့ အမြဲဖွင့်ထားပါတယ်.......
ချုပ်နှောင်မှုတွေမပေးပဲ မင်းရဲ့ဖြစ်တည်မှုလေးကိုချစ်တယ် ဆိုတာလေး သိစေချင်ရုံပါ.....။
by ထက်မြတ်ထွဋ်ခေါင်...................
"မမကြီး ဒေါ်ပုလဲရေစက်ခင် ! ”
မင်းရေစက်ထင် မြန်မာပြည် ပြန်ရောက်ပါပြီ။
လေဆိပ်ကနေ အိမ်ရောက်ရောက်ချင်း
အိမ်ပေါက်ဝကနေ အမဖြစ်သူနာမည်ကို
အော်ခေါ်ပြီး အိမ်ထဲ ဝင်လိုက်သည်။"ဒေါ်ပုလဲရေစက်ခင်! ...ဟျောင့် ထွန်းမြင့်
လာ ငါ့အဝတ်အိတ်တွေလာသယ်.. ဘယ်မှာလဲ
မမကြီး ”ခြံစောင့်ထွန်းမြင့်က မင်းရေစက်ထင် အားကြောက်ကြောင့်ဖြင့်ခေါင်းလေးငုံကာ ဖြေရှာသည်။
"ထမင်းစားခန်းထဲမှာပါ boss ”
"သိပြီ ရော့ ဒါတွေ ငါ့အခန်းထဲ သေချာသွားတာ အထဲက ပစ္စည်းတွေ မပွန်းမပဲ့စေနဲ့နော်
တခုခုဖြစ်ရင် မင်းသေဖို့ပြင်”"ဟုတ်ကဲ့ပါ boss ”
မောင့်ချစ်သူလေးအတွက် လက်ဆောင်တွေပါ
ထိခိုက်ခံလို့မဖြစ်ဘူးလေ၊ နေအုန်း အခု အရေးကြီးတာက မမကြီး ၊ ဟုတ်တယ် တွေ့မယ်"အော်... ဒီမှာ ခင်များက ကောင်းကောင်းကြီး
ဖဲ ထိုင်ရိုက်နေတယ်ပေါ့”အသက်ကြီးပိုင်း ဉီးလေးကြီး၃ယောက်နဲ့
အဒေါ်ကြီး၂ယောက်ပါဝင်သည်။
စားပွဲဝိုင်းက ထိုင်ခုံပေါ်တင် ကိုယ်စီဖဲချက်များကိုင်ကာ ဖဲရိုက်နေသည်။ အလယ်မှာလည်း
ပိုက်ဆံအပုံကြီး။ဒေါ်ပုလဲရေစက်ခင်က ဝိုင်းရဲ့ထိပ်ဆုံးမှာထိုင်သည်။ သူ့ဘေးမှာတော့ ဒေလီယာ၊
ဒေလီယာမှ ဉီးစွာ.."ဟင်..ကိုကိုပြန်လာပြီ..”ဟု ဆိုကာ မင်းရေစက်ထင် ရဲ့ဘေးသို့အပြေးသွားက လက်မောင်းအားပြေးဖက်သည်။
မင်းရေစက်ထင် က ကျန်လက်တဖက်ဖြင့် သပ်ချလိုက်တော့ ဒေလီယာ နောက်ဆုတ်သွားသည်။"ဖယ်စမ်း မင်း! မင်းနဲ့ပြောစရာ ဘာစောက်ကြောင်းမှ မရှိဘူး ၊ မမကြီး အရေးကြီးပြောစရာရှိတယ် ဧည့်ခန်းထဲ လိုက်ခဲ့”
![](https://img.wattpad.com/cover/286843391-288-k618881.jpg)
YOU ARE READING
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romanceရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔