unicode
လပြည့်ကျော် ၄ရက်နေ့...တစ်ခုသော..မနက်ခင်း
သာယာအေး တို့ ရွာ နှင့်...၄ မိုင်ခန့် ကွာဝေးသော
ရွာ ဘက်တွင်... နှမ်းစိုက် ရန် လူမရှိ၍ ထို နှမ်းခင်းပိုင်ရှင်က ဒေါ်အေးကြည်တို့ အဖွဲ့ကို လာ ငှား သည်။ ဒေါ်အေးကြည်တို့ အဖွဲ့ ၌ သာယာအေးလည်း ပါ လာ သည်။.. အ့လိုနှင့် တဖက်ရွာ က နှမ်းခင်းတွင် နှမ်းစိုက်သွားရန်... ရွာ လည် ရေစင် ရှေ့တွင့် ဒေါ်အေးကြည်တို့ လူစု နေသည်။လူအင်အားက ၇ယောက် ခန့် ရှိမည်။ ထုံးစံ အတိုင်း ကိုရင်မောင်ရဲ့ နွားလှည်းနဲ့ သွားရန် စီ စဉ် ထား သည်။
"သာယာအေး နဲ့ သိန်းဆွေ ပဲ ကျန်တော့တာ မမိစန်းရေ...ဟော...ဟိုမှာ လာ ပြီ.. ”
ရွာ လည် ရေစင် ရှိရာသို့ သာယာအေးနဲ့ သိန်းဆွေ
ထမင်း ချိုင့် ကိုယ်စီ ဆွဲကာ..
လျှောက်လာကြသည် ။"သားလေး တို့ နောက် ကျ လိုက်တာ.. ဟိုဘက်ရွာက အခင်းရှင်က... ပြောဆိုနေတော့မှာပဲ ..”
"ဟုတ်တယ် ဒေါ်အေးကြည်ရာ ကျုပ်တို့ နဲနဲနောက်ကျသွား တယ်... ဟဲဟဲ..”
သာယာအေးက စပ်ဖြဲဖြဲ နဲ့သာ ပြန်ဖြေသည်။
အကုန် လှည်းပေါ်တက်ပြီး စ ထွက်တော့ မည် အလုပ်..တစ်စုံတစ်ယောက် ပြေးရင်း အော်ပြောဟန် အသံ တစ်စုံကို ကြား လိုက်ရသည်။
လှည်းပေါ်က တစ်ဖွဲ့ လုံး အသံလာရာ ကြည့် လိုက်တော့..."နေအုန်းဗျို့....ကျနော်လည်း လိုက် ချင် လို့... ”
ထမင်း ချိုင့် ၅ ဆင့် ချိုင့် ကြီးကို ဆွဲက ကမန်းကတန်း ပြေးလာသူကတော့ မြို့ကြီးသား မင်းရေစက်ထင် ပါ ။ ပြေးရင် ပုဆိုးက ကျွတ်ကျ တော့မည် ။ လက် တစ်ဖက်က ပုဆိုးကိိိုင်ထားသည်၊ ကျန်တစ်ဖက်က ထမင်းချိုင့်ကိုင်ထားသည်။
သူလည်း လှည်းနားရောက်လာ တော့ ဒေါ်အေးကြည်ကပဲ အစပြုကာ..."မြို့သား ဘာလိုက်လုပ်မှာတုန်း... ဒေါ်ကြီးတို့က နဲနဲဝေးတဲ့ ရွာ ကို သွား ရမှာ... မဖြစ်ပါဘူး မင်းနဲ့”
"ဖြစ်ပါတယ် ဒေါ်အေးကြည်ရာ... ဒီလို သွားကြမယ်ဆိုတာ... မိုးလင်းမှ သိလို့... နို့မို့ဆို ကြိုပြောထားပါတယ်...ဟဲဟဲ ”

ESTÁS LEYENDO
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romanceရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔