unicode
ဉီးတာတီးတို့အိမ်သို့သွားရာလမ်းတွင်..
"ကြာဉ အကို့ကို ရှင်းပြပါဉီးကွာ..
ကိုယ်နားမလည်တော့ဘူး""အင်းပါ ညမပြောပြပါ့မယ် အခုတော့
စိတ်လေးအေးအေးလေးထား ဒွေးဂျင်းစိမ်းတို့အိမ်ရောက်ရင် ဇာတ်လမ်းအစ အဆုံး ပြောပြပါ့မယ်... ""....."
မင်းရေစက်ထင် လည်း ဘာမှနားမလည်သည့်ဟန်ဖြင့် ဉီးတာတီးတို့အိမ်ရောက်အောင်သာ
လေးပင်နေတဲ့ခြေလှမ်းများကို မြန်မြန်လှမ်းလိုက်သည်။at ဉီးတာတီးအိမ်
"ဟယ်....သူဋ္ဌေးလေး ပြန်လာတယ်.. ကိုတာတီးရေ သူဋ္ဌေးလေးပြန်လာတယ်တော့ "
ခြံပေါက်ဝမှ အိမ်ဆီသို့လှမ်းလာနေသည့် ကြာဉနှင့် မင်းရေစက်ထင် အား အိမ်ရှေ့ကွစ်ပစ်ပေါ်တွင် ဆန်ပြာနေသည့် ဒေါ်ဂျင်းစိမ်းက မြင်သောကြောင့် နွားစာတဲတွင် နွားစာကျွေးနေသော ဉီးတာတီးကို လှမ်းအော်ပြောလိုက်ခြင်းဖြစ်သည်။ ဒေါ်ဂျင်းစိမ်းလည်း ဆန်ဇကော ကိုဘေးမှာ ချကာ မင်းရေစက်ထင် တို့လာနေရာဆီအပြေးသွားတော့သည်။အနားရောက်တော့
ငိုသံပါဖြင့်.."သူဋ္ဌေးလေး..ပြန်လာတယ်.. အဟင့်
မျက်နှာမှာလည်း ဒဏ်ရာတွေ၊သွေးတွေလည်းထွက်သို့ ဘာဖြစ်လာကြတာလဲ ကွယ် "ဉီးတာတီးလည်း အနားရောက်လာပြီး
"ဟာ... ဘာဖြစ်လာကြတာလဲ ကြာဉ ငါတို့ကိုပြောပြပါအုန်း ဟ "
"အင်းပါ ကျုပ်ပြောပြပါ့မယ်တော့် အခုတော့
စားပွဲမှာအရင်ထိုင်ရအောင် အကို့မျက်နှာက ဒဏ်ရာတွေ ဆေးထည့်ပေးရအောင်လို့""သူဋ္ဌေးလေး အထုပ်တွေပေးပေး"
ဉီးတာတီးမှ မင်းရေစက်ထင် ရဲ့လက်ထဲကအထုပ်များအား ဆွဲယူသည်။
"အေး အေးပါကွယ် လာ လာ "
ဒေါ်ဂျင်းစိမ်းမှဉီးဆောင်ကာ အားလုံးကို
ဧည့်စားပွဲရှိ ရာသို့ခေါ်သွားသည်။
ထို့နောက် ဒေါ်ဂျင်းစိမ်းက ပဲ ဆေးသေတ္တာသွားယူကာ ကြာဉကို ပေးသည်။
ကြာဉ လည်း မင်းရေစက်ထင် ရဲ့ မျက်နှာက
ဒဏ်ရာတွေကိုဆေးထည့်ပေးရင်း..
![](https://img.wattpad.com/cover/286843391-288-k618881.jpg)
YOU ARE READING
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romanceရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔