unicode
ယနေ့နေသာ၏။
သို့သော် နေခနပူလိုက် ၊ မိုး ခနအုံ့ လိုက် ဖြစ်နေသည်။"မိုးမင်းမာန်တင်းး..ရွာမလိုနဲ့ ညိုးဟန်ဆင် ..
မိုးမှောင်တွေ...ကျလာရင်..
လွမ်းချင်းဝေသနာလေးတွေဝင်... ဒီမိုးကိုပင်...ပျော်ရွှင်မဆုံး...
အလွမ်း အလက်ာ တေးကလေး ဖွဲ့ လို့ပင်...
မောင့် ရဲ့ ရင်ခွင် ထဲမှာ အတူပုန်းကာနေခဲ့ဖူးတယ်..
မေ့မရနိုင်အောင်လည်းး ရင်ထဲမှာ ခံစားရတယ်..
အချိန်တွေကို သတိရလို့ရယ်...တမ်းတမိတယ်..
အချစ်ရယ်..အချစ်ရယ်...မေ့အချစ်က ဒီ လို ပါပဲကွယ်... "ရေဒီယ်ို မှာ လာနေသော အဆိုတော် ပိုးအိစံ ၏
သံယောဇဉ် လွန်းတင်သည့်ကြိုး သီချင်းလေး ကို
သာယာအေး တစ်ယောက် ချည်ထိုး နေရင်း..
သံယောင် လိုက်ကာ ငြီးနေမိသည် ။မိခင်ဖြစ်သူ ဒေါ်ခင်အေး မှ တစ်ဖက်ရွာက အသိ အိမ်မှာ နာရေး ရှိလို့ သွား သည်။ သာယာအေးကတော့ အိမ်မှာ တစ်ယောက်ထဲ ကျန်ခဲ့ကာ...
လုပ်စရာ မရှိသောကြောင့် ချည် ထိုး ကာနေနေသည်။
ထိုအချိန်..."သာယာအေး ရေ သာယာအေး... "
အိမ်ရှေ့မှ ခပ်စူးစူးဖြင့် မိမိနာမည်ကို အော်ခေါ်နေသည့် မိန်းကလေး တယောက်ရဲ့ အသံကို သာယာအေး ကြား တော့... ဖျာပေါ်မှာ... ချည်ထိုးနေရာကနေ ထကာ အိမ်ရှေ့တံခါး ဆီ ထွက်လာခဲ့သည်။
"ဘာတုန်း မိကြာဉ ရဲ့...တောင်းထဲက ဘာတွေတုန်း"
"ငါနဲ့ လိုက်ခဲ့ပါအုန်းဟယ်... ဒေါ်ချစ်ပု တို့ အိမ်မှာ
ဆန်မှုန့်လေး သွား ထောင်း ချင် လို့... ""ဟင်...နင်ကလဲ အိမ်မှာ အမေ ပြန်မရောက်သေး ဘူးဟ... "
"ဟိုဘက်ရွာက နာရေး သွားတာမလား.. ပြန်လာတော့မှာပါ... ဘေးအိမ်က ဒေါ်ပုလုံးတောင် ပြန်ရောက်နေပြီ.. "
"အေး ငါ့အမေ အကြောင်း လည်း သိရဲ့သားနဲ့
အလှူ ငွေ ကူပြီး ပြန်မလာ ဘူးလေ.. ရေစက်ချ အမျှဝေ တရားနာ ပြီး မှ ပြန်လာတာ.. ""မကြာတော့ပါဘူး အခုပဲ ၁၂ထိုးတော့မယ်..."
"အေး သူပြန်လာရင်တော့ လိုက်ခဲ့မယ် လာလာ အခုတော့ အိမ်ထဲ ဝင်ထိုင်ဉီး.."

YOU ARE READING
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romanceရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔