unicode
"ကြာဉ...... ရေတစ်ခွက်သွားခပ်ပါအုန်းဟ..သူဋ္ဌေးလေးသောက်ဖို့...”
"ဟုတ်ဟုတ် ဉီးကြီး... ”
ဉီးတာတီး ရဲ့စကားဆုံးသည်နှင့် မိကြာဉ တစ်ယောက်ရေအိုးစင်ရှိရာ ပြာယာပြာယာနဲ့ အပြေးသွားကာ...ရေတစ်ခွက်သွားခပ်သည်။
သာယာအေးက တော့ စားပွဲဝိုင်းရဲ့ အနောက်ဘက်မှာ တောင့်တောင့်ကြီးရပ်ကာ...မြို့သားကို သေချာ အကဲ ခတ်နေသည်။"ရေ... ရပါပြီ... အကိုလေး သောက်ပါအုန်း.. ”
"အော်... ဟုတ် ရပါတယ် ညမ ကျေးဇူးပဲ ”
ရေ လာပေးသော ကြာဉ ကို ပြုံးကာ ပြောဆိုနေသူမှာ.. မြို့သားရယ်ပါ..
"ကဲ... သူဋ္ဌေးလေး ကို ဒီမှာ ရှိတဲ့ လူတွေနဲ့ မိတ်ဆက်ပေးပါရစေ..”
"ဟုတ် ဉီးလေး..”
"ဒါက... ကျနော့်ဇနီး..မဂျင်းစိမ်း ၊ ဒါက ကြာဉ တဲ့၊ ဒါကတော့ သာယာအေး တဲ့...ဟို နွားစာတဲ ထဲမှာ နွားတွေကို ယုယနေတဲ့ တစ်ယောက်ကတော့ ကိုရင်မောင် တဲ့... သူဋ္ဌေးလေး တစ်ခုခုဆို သူတို့ကို ခိုင်း လို့ရတယ် သိလား... ”
"ဟုတ် ဉီးလေး... ဟို..အားလုံးပဲ ကျနော့်နာမည်က မင်းရေစက်ထင် လို့ခေါ်ပါတယ်ဗျ..”
သာယာအေး မိမိရှေ့မှာ ထိုင်နေတဲ့ မြို့သားရဲ့ နာမည်ကို ကြားမိတော့ တချက် ဆွံ့အသွားသည်ါ
အထက်စီး အရမ်းဆန်လွန်းနေသည်။
စိတ်ထဲမှာလည်း ထိုနာမည်ကို အကြိမ်ကြိမ်ရေ ရွတ်နေမိသည်။"ကဲ... ဒါဆို...အားလုံး ပြန်ကြတော့...
အော် သာယာအေး အပြန်ကြ သူကြီး အိမ် ကိုဝင်ပြောပေး ပါဉီး.. ဉီးတာတီးတို့ အိမ်မှာ မြို့က ဧည့်သည် ရောက်နေတယ်လို့... တော်ကြာ သူကြီး မသိဘူး ဖြစ်နေမစိုး လို့... ”"ဟုတ်ကဲ့ ဉီးလေး ကျုပ် ဝင်ပြော လိုက်ပါ့မယ်.. ”
"အေးအေး သူဋ္ဌေးလေးလည်း နားတော့လေ.. အပေါ်ထပ်မှာ အခန်းပြင်ထား တယ် လာလာ...”
မင်းရေစက်ထင် ဉီးတာတီးခေါ်ရာနောက်ကိုယောင်လည်လည် လိုက်သွားတော့သည်။
တစ်ခါမှ မရောက်ဖူးတဲ့ အညာ ဒေသကို ပထမစရောက်ချင်းပဲ မလား...

ŞİMDİ OKUDUĞUN
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romantizmရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔