Ep30

942 42 0
                                    

unicode

၃ လခန့် ကြာသော်..

ဒီနေ့ပဲ မင်းရေစက်ထင် နှစ်ရှည်စီမံကိန်းဆိုသည့်
case နဲ့ New York ကိုသွားရမည်။
ရွာကပြန်ရောက်ကထဲက ရန်ကုန်မှာ ရှိတဲ့
company က တချို့case တွေကိုဖြေရှင်းရင်း
အခုမှပဲ နိုင်ငံခြားကcompanyခွဲ ဆီအပြေးသွားရမည်။
လွမ်းလိုက်တာ..မောင့်ချစ်သူလေးကို..
ဖုန်းလဲဆက်စရာမရှိ၊စာလဲပို့လို့မဖြစ် နဲ့
သတိရတိုင်းပြေးတွေ့ချင်သည်။

ဟင်း..ဒီစီမံကိန်းပြီးရင်တော့..မဖြစ်ဖြစ်အောင်
ချစ်သူလေးဆီ သွားတွေ့ပြီး အတူနေဖို့စီစဉ်ရမည်။ နှစ်ရှည်စီမံကိန်းဆိုပေမဲ့ တစ်နှစ်ကျော်လောက်ပဲ ကိုယ့်ဘက်က လုပ်ပေးရမှာမို့
အဆိုးထဲကအကောင်းဟုပင်တွေးထားသည်။

ခရီးစဉ်အတွက် အဝတ်အစားတွေ အိတ်ထဲထည့်နေရင်း.. ချစ်သူနဲ့နီးဖို့ စဉ်းစားနေခြင်းဖြစ်သည်။

"ဝေါ.....ကျီ..”

အိမ်ရှေ့က ကားရပ်သံကြားလိုက်သည်။
ဧကံဏ ဟိုမိန်းကလေးပဲ ဖြစ်မည်။

မင်းရေစက်ထင်လည်း စာရွတ်စာတမ်းများနှင့်
အဝတ်အိတ်ကို ဆွဲကာ..အောက်ထပ်သို့ဆင်းလာခဲ့သည်။

"ဟယ်...ဒေလီယာ...ညမလေး...မင်းရေစက်နဲ့တကယ်လိုက်သွားမလို့လား...”

ဧည့်ခန်းတွင်ထိုင်နေသည့် မမကြီးက ထိုမိန်းကလေးအား မြင်ပြီးအံ့သြစွာဆိုသည်။
အဘယ်ကြောင့်ဆိုသော် ထိုမိန်းကလေးသည်မှာလည်း...မင်းသမီးရှုံးလောက်အောင်ပြင်ဆင်ထားပြီး Luggage ကိုလက်တစ်ဖက်မှဆွဲထားသည်။

"ဒါပေါ့..မမရဲ့...ဟောဒီမှာ လေယာဉ် လက်မှတ်”

မိန်းကလေးမှာ လက်ထဲက လေယာဉ် လက်မှတ်ကိုထောင်ပြသည်။

မင်းရေစက်ထင်လည်း ဧည့်ခန့်းအရောက် အပေါ်ထပ်မှသယ်လာသော မိမိပစ္စည်းများကိုခဏချကာ...

"တကယ်လိုက်ဖို့ စိတ်ကူးထားတာလား ဒေလီယာ...”

"ဒါပေါ့..ကိုကိုကလည်း...အလည်ခရီးပဲဟာ..
ဒေလီယာက...၄၊၅ရက်နေပြီး ပြန်မှာပါ..ကိုကိုသာတစ်နှစ်ပတ်လုံးနေခဲ့ရမှာ”

"ဒါဆိုလည်းပြီးတာပါပဲ... မမကြီး ကျနော်တို့သွားတော့မယ်...”

"အေးအေး....နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက်ဖေးဖေးမမနေကြနော်...ဂရုလည်းစိုက်ကြအုန်း   ...”

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now