unicode
"အခုတဖန် အလှည့် ကျရောက်လို့ လာတာကတော့... ပြည်သူချစ်..မင်းသမီးချောလေး
နန်းအိမွန် ရဲ့ ချစ်အာရုံ ဆိုတဲ့ တေးသီချင်းလေးပဲ ဖြစ်ပါတယ်....အဲ့ဒီနောက်မှာ...နဗန်းဆံ ယိမ်းအဖွဲ့ ၊ အဲ့အနောက်မှာ..တောဂေါ်လီ ယိမ်းအဖွဲ့ စသည်ဖြင့် ဇာတ်စင် နောက်မှာ အသီးသီး နေရာယူ ပေး ထားကြပါ လို့ လေးစားစွာ ပန်ကြားရင်း မင်းသမီးချောလေးရဲ့.. ချစ်အာရုံ သီချင်းလေး ကို ခံစားနားဆင်ကြပါစို့လား ရွှေပွဲကြွလာ မိတ်သဟာ အပေါင်းတို့ ခများ...”ဇာတ်ခုံ ထောင့်စွန်း မှာ ထိုင်ကာ စာရွက်တစ်ရွက်ကိုင်ပြီး နံပတ်စဉ် အော်ပေးနေရသူမှာ ကိုရင်မောင် ဖြစ်ပေသည်။
🎶🎵🎶🎶
"ကျမရဲ့ ဖြစ်ပုံ ဖြစ်ပုံ ဆန်းစုံ
ပွဲစျေးတန်း လျှောက်မိလို့
မောင်ကြီးနဲ့ ဆုံသလေတော့်...
မြင်မြင်ချင်းအသ်ိ မောင်ကြီးအကြည့် ကလိနေပုံ
ပျိုလေး မိရွှေဘဝင်.. တသိမ့်သိမ့်ရှိုက်လို့တုန်..
မြန်လှချည်ရဲ့...ချစ်မိ တဲ့ ချစ်အာရုံ ...နုထွားပျိုမေလုံ ၊ သူ့အသည်းမှာစွဲနေပါသတဲ့
သဲလိုက်တဲ့ ဖြစ်ပုံ..ဆုံချင်ကြုံချင် လိုက်ခဲ့ပါလား..ဖိတ်ခေါ်ပါရဲ့ယုံ
လူညိုရင်အကို.. လိုက်လို့လာမလား ကျမတို့ရွာမြစ်ဆုံ...ဉပုလ်သီတင်း စောင့် ဖို့ ရွာလယ်မှာ ဓမ္မရုံ..
ပျိုလေးတို့ အိမ် ဉီး စံပယ်ဖူးတဲ့တစ်ရုံနှစ်ရုံ
မြောက်ဘက် တန်းခင်းက လုံလုံခြုံခြုံ....
မြန်းခဲ့ပါတော့ တောင်ဘက်မှာလည်း ဆပ်သဖူးရုံရှင့်....စပါးရွှေဝါ..တောင်လိုပုံ..ဆီကိုရေချိုး ဆေးရိုးမီးလှုံ ဆေးရိုးမီးလှုံ
ဖိတ်လို့သာ ဖိတ်ရ..စိတ်ကတော့သိပ်မလုံပါရှင့်..
မောင်ကြီးလာမဲ့လမ်း မျှော်မှန်း ပျိုလေး
ချစ်အာရုံ ..🎶ဇာတ်စင်ပေါ်က မင်း သမီးနှင့် အတူ သီချင်းကို
တိုးတိုးလေး လိုက်ဆိုနေသူက သာယာအေးပင်။ခေါင်းလေးကို သာသာလေး ရမ်းရင်း သီချင်းကို ဟန်ချက်ညီညီ နဲ့ဆိုနေသော ကောင်လေးကို
မင်းရေစက်ထင်.. ခေါင်းစောင်းကာ ကြည့်နေမိသည်။ . .

VOCÊ ESTÁ LENDO
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romanceရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔