unicode
ကိုသောင်းစိန် တို့ အိမ် တွင် ယနေ့ည လူစည်နေသည်။ အဘယ်ကြောင့်ဆိုတော် စာ ဖတ်သူတို့ သိတဲ့အတိုင်း ဒီနေ့ည ကိုသောင်းစိန်တို့ အိမ်မှာ သားရှင်ပြု အလှူတိုင်ပင် ရှိတယ် မဟုတ်ပါလား။
ဒီပုံစံတိုင်းဆို နောက် တစ်ပတ်၊ နှစ်ပတ် အတွင်းထိ ဒီအိမ်မှာ လူ ရှုပ်ရှုပ် ရှုပ်ရှုပ် ဖြစ်နေပေဉီးမည်။"မိအေး ရေ.. သူကြီးတို့ ဝိုင်းက.လက်ဖက်သုပ်ထဲ
နှစ်ပြန်ကြော်တွေ ထပ်ဖြည့်ပါဉီးဟဲ့... ”"ဟုတ်ကဲ့.. ဒေါ်လေး ကြေးမုံ.. ”
"နောက်ပြီး နှင်းစံပယ်.. သမီး မီးဖိုချောင်ထဲမှာ
ရေနွေးဆူနေပြီထင်တယ် သွား ကြည့်ပါအုန်း..”"ဟုတ် အမေ... ”
နှင်းစံပယ် ဆိုတာကတော့ မကြေးမုံရဲ့ သမီး
၁၂အရွယ် ကလေးမလေးပင်။ မကြေးမုံ မှာက
သားတစ်ယောက် ၊ သမီး တစ်ယောက် ရှိသည်။
သားလေး ငယ်တုန်း ရှင်ပြုပေးဖို့ ယောက်ျား ဖြစ်သူကို အပူကပ်ပြီး စီစဉ် ရခြင်းဖစ်သည်။ငွေကြေးက အသင့်သင့်ရှိသည်မို့ အလျှူပွဲ ကို
ကြီးကြီးကျယ်ကျယ် လုပ်ချင်ပါသည်။"တော်သလင်း လဆန်း ၆ရက်၊၇ရက် ဆိုရင်ရော ”
စကားဝိုင်းရဲ့ ထိပ် တွင် မိန့်မိန့်ကြီးထိုင်နေရော ရွာသူကြီးမှ နေ့ရက်ကောင်း ကို ရွေးပေးတော့
ကိုတာ တီး မှ ကိုသောင်းစိန်နဲ့ မကြေးမုံးဘက်ကို လှည့်ကာ.."ကဲ... သောင်းစိန်နဲ့ ကြေးမုံတို့ သဘော ကရော.. ”
"ကောင်းပါတယ် ကျုပ်ကတော့ အမြန် ဆုံး နေ့ရက်ကို လုပ်ချင်တယ် ၊ ၆ရက်၊၇ရက်ဆိုတော့
အဆင်ပြေတာပေါ့... ”"ဟုတ်တယ် သူကြီး ကျမ လည်း သဘောတူတယ်.....ဆိုင်း လည်း ငှား ချင်သေးတယ်.. ”
သူကြီးမှ ခေါင်းတငြိမ့်ငြိမ့်ဖြင့်.
"အင်း...ဒါဆို... စိန်အောင်လွင် ဆိုရင်ရော.. ”
"အာ သူကြီးကလည်း စိန်အောင်လွင် လူကြီး ကြိုက် ကြီး ကို.. ”
"ဒါဆို ဘယ်ဟာ ငှားမှာလဲ ကြေးမုံရ..”
"အခု ခေတ်စားနေတဲ့ ပုန်းညက်ဖြူ တို့ စုလာဒ်နိုင် တို့ မိန်းကလေး ဆိုင်း တွေ လေ... ကျမ အဲ့တာလေး တွေ သဘောကျလို့..”

YOU ARE READING
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romanceရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔