unicode
(သတိ အသက်မပြည့်သေးသူများ မဖတ်ရ
18 +အခန်းများပါသည် )...........................
မိုးကောင်းကင်ယံက... လမင်းဝါဝါထိန်ထိန်သာနေသော... ည ဖြစ် သည်။
မှောင်ရီပျိုးစ အချိန်မို့... ခြုံနွယ်ပိတ်ပေါင်းများဆီက...အကောင်လေးတွေရဲ့ အသံများ၊ လယ်တွင်းမှ ပုရစ်နှင့် ဖားတို့၏အော်သံများ ဆူညံနေသည်။
ယာပြင်က လယ်စောင့်တဲ ငယ်လေးရဲ့..
ဝါးလုံးများကို ကြမ်းအဖြစ်ခင်းထားသည်။ထို စင်ပေါ်ရှိ ကြိမ်ဖျား ရှည်ရှည်ပေါ်တွင်... လူသုံးယောက် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
အလယ်တွင်... ထန်းရည်အိုး နှစ်အိုးနှင့်.. လယ်ကြွက်ကင် နှစ်ကောင် ၊ ထန်းရည်ခွက် သုံးခွက်က နေရာ ယူ နေသည်။မင်းရေစက်ထင်နှင့် ကိုရင်မောင်က ထန်းရည်တစ်ခွက်ပြီးတစ်ခွက်မော့ နေသော်လည်း သာယာအေးမှာမူ..ကြွက်ကင်ကိုသာ..ဖဲ့စားနေသည်။
ကိုရင်မောင်မှ... ထန်းရည်တစ်ခွက်မော့သောက်ပြီး..
"အား...အေ့.. သာယာအေး... မင်း ကြွက်ကင်ပဲစားနေတော့မှာလား...ဟမ်...တစ်ခွက်နှစ်ခွက် ချပါအုန်းရော့... "
ကိုရင်မောင်က ထန်းရည်အိုးထဲက ထန်းရည်ကို ခပ်ကာ သာယာအေးရဲ့ရှေ့သို့ ထိုးပေးသည်။
သာယာအေးက အလျင်အမြန်ခေါင်းခါကာ..
"မသောက်ချင်ဘူး...ခါးတယ်.. "
"ရော့..ပါ...သောက်ကြည့်ပါအုန်းကွ.. "
"မခါးပါဘူး သာယာရဲ့ သောက်ကြည့်... ချိုနေရောပဲ... "
မင်းရေစက်ထင် ကလည်း... တစ်ခွက်မော့ရင်း
သာယာအေးကိုပါ သောက်ဖို့ တိုက်တွန်းသည်။
သာယာအေးလည်း မောင် က သောက်ဖို့ပြောတော့... မငြင်းတော့ပဲ.. ..ကိုရင်မောင် ကမ်းသည့်
ထန်းရည်ခွက်ကို ယူ လိုက်သည် ။ ပြီးလျှင် နှာခေါင်းနားကို ကပ်ပြီး အနံရှူကြည့်လိုက်သည်။"အော့... အော့...အာ..မရဘူး နံတယ်.. "
"နှာခေါင်း ပိတ်သောက်... "
"မရပါဘူး... ကျုပ်က ထန်းရည်အချိုသာ..သောက်နိုင်တာ..အခါးရည်မသောက်နိုင်ဘူး"

YOU ARE READING
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romanceရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔