unicode
ဒီနေ့.....ဒီလို့ဖြစ်လာမယ်မှန်းမသိရင်..မောင့်ကိုသိပ််သိပ်ကလေး..စောင့်မိမယ်ထင်ပါရဲ့....
.......
ဒီနေ့ ကျနော်ရယ်၊အမေရယ်၊ကိုရယ်မောင်ရယ်
သုံးယောက်သား..မောင့်ကိုတွေ့ဖို့မောင့်အိမ်ကိုလိုက်လာခဲ့သည်။
ကိုယ်ဝန်က ၅လလောက်ရှိနေပြီမို့ သာယာအေးရဲ့ဗိုက်လေးလဲ အတော်ပင်ပူနေလေပြီ။
ဘယ်လိုမှ မတတ်နိုင်တော့သည့်အဆုံး
ဉီးတာတီး ဆီကနေ မောင့်အိမ်လိပ်စာ ကိုမရမကတောင်းကာ..လိုက်လာခဲ့ခြင်းဖြစ်သည်။
သားအမိနှစ်ယောက် ထဲသွားရမှာကို ကိုရင်မောင်ကစိတ်မချဘူးဟုဆိုကာ..သူပါလိုက်လာခြင်းဖြစ်သည်။မောင့်အိမ်ဟုထင်ရသည့် ခြံဝန်းတစ်ခုရဲ့ရှေ့အရောက် ကိုရင်မောင်က ဒီအိမ်ဟုဆိုကာ..
ခြံတံခါးက ခေါင်းလောင်းလေးကိုလှုပ်ကာ..
အထဲသို့လှမ်းခေါ်သည်။"ဗျို့...အိမ်ရှင်တို့... ဗျိို့..အိမ်ရှင်တို့..
ကလင်....ကလင်...."ခဏအကြာတော့.. လူလတ်ပိုင်း ဉီးလေးသာသာအရွယ်ရှိသည့် လူတစ်ယောက် ကမန်းကတန်းပြေးလာကာ..ခြံတံခါးလာဖွင့်သည်။
"ဘယ်သူနဲ့ တွေ့ချင်လို့လဲ ခမျာ..."
"ဟို..ဒီအိမ်က ကိုမင်းရေစက်ထင် တို့အိမ်လားမသိဘူး.."
"ဟုတ်ပါတယ် ခမျ"
မောင့်အိမ်ဆိုတာမှန်သွားတော့..သုံးယောက်လုံး
တယောက်မျက်နှာတယောက်ကြည့်ကာပြုံးမိကြသည်။"အော်...ဒါဆို ကျုပ်တို့ရောက်နေတဲ့အကြောင်းပြောပေးပါအုန်း ရွာက..ကိုရင်မောင်တို့လာတယ်လို့ သာယာအေးလည်းပါတယ်လို့ ပြောပေးပါအုန်းဗျာ..ဟဲဟဲ..."
"အကိုလေးက....နိုင်ငံခြား သွားတာပြန်မလာသေးဘူးဗျ.."
"ဗျာ..."
"ဘယ်လိုလုပ်ကြမလဲ.. "
အမေက ကိုရင်မောင်ကို မေးနေတုန်း..
အိမ်ထဲဆီက ဆံထုံးကိုထိပ်မှာထုံးထားပြီး
ပါတိတ်ဝတ်စုံဝမ်းဆတ်နဲ့ မိန်းမတစ်ယောက်၏ အော်ပြောနေသံကိုကြားလိုက်ရသည်။"ဟဲ့...ထွန်းကျော်...ခြံဝမှာ ဘယ်သူတွေနဲ့ဘာရပ်ပြောနေတာလဲ.. ဟမ်.."

VOCÊ ESTÁ LENDO
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romanceရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔