unicode
တိမ်နွယ် တိမ်လိပ် ကြား.. ဝင်းဝင်းပပ ထိန်ထိန်သာနေသော..လမင်းကြီး
ဒီနေ့ လပြည့်ည ဖြစ်ပါသည်။
သာယာအေး နဲ့ ဒေါ်ခင်အေး တို့ နှစ်ယောက်
ညစာ ထမင်းစားပြီး.. ဉီးအုန်းမောင် နဲ့ ဒေါ်လေးတင့် တို့ အိမ်ဆီကို ဗိုင်းငင်ရန် ထွက်လာခဲ့သည်။လပြည့်ညရောက် တိုင်း ဉီးအုန်းမောင် တို့အိမ်မှာ လူစည် ကား သည်။ အဘယ်ကြောင့်ဆိုသော်
ဉီးအုန်းမောင် တို့ ခြံက ကျယ် သည်။
အိမ်ရှေ့ တလင်းမှာ လပြည့်ည တိုင်း..
ဗိုင်းငင်တဲ့ သူတွေက တဖွဲ့ ၊ ဗိုင်းငင်ဖို့ လာတဲ့ သူတွေမှာ ပါလာတဲ့ ကလေး တွေက တဖွဲ့ ။
လူကြီးတွေက ဗိုင်းငင် နေချိန် ကလေးများက
လသာသာ တလင်း ပြင်မှာ..ဆော့ကစားကြသည်။ဉီးအုန်းမောင် တို့အိမ်လည်း ရောက်ရော..
သားအမိ နှစ်ယောက် အိမ်ရှေ့ တလင်း မှာ ခင်းထားတဲ့ ဖျာ ပေါ်မှာ ကိုယ်စီနေရာယူ ပြီး ထိုင်လိုက်သည်။
သာယာအေးလည်း အမေ သင်ပေးထား လို့
ဗိုင်း ရစ်နည်းကို ကောင်းကောင်း သိပါသည်။"သာယာအေး... ဟိုဘက်က အနီရောင် ချည် လုံး
ဒေါ်ကြီးကို ပေးပါအုန်းကွဲ့... ”သာယာအေး လဲ အဒေါ်ကြီး လက်ညိုးထိုးရာ က အနီရောင်ချည်လုံးလေးကို ယူကာ ပေးလိုက်သည်။
"ဒေါ်လေးပုလုံး.....ဖိုးဆွေ လေးမပါဘူးလား..”
"ပါပါတယ် တော် မျောက်လောင်းလေးက ဘယ်ကြားသွားဆော့နေလည်း မသိဘူး.. ”
ဖိုးဆွေ ဆိုတာ ဒေါ်လေးပုလုံး ရဲ့ သားပါ...
အသက်က ၄နှစ်ပဲ ရှိဉီးမယ် ။
အဆော့သန်ပြီး ချစ်စရာ ကောင်း တဲ့ ကလေးလေး။ ဖိုးဆွေ ဒေါ်ပုလုံး ဗိုက်ထဲက ထွက်တည်းက သာယာအေးပဲ ထိန်း လာတာ.. ၊ အခုလည်း ထိန်းတုန်းပါပဲ.. ။ရုတ်တရက် သာယာအေး ရဲ့ နောက်ကျော ကို လာ ဖက်သည့် လက်သေးသေးလေး....
သာယာအေး အစကတော့ ရုတ်တရက်မို့ လန့်သွားကာ နောက်လှည့်ကြည့်တော့... မျောက်လောင်းလေး ဖိုးဆွေ ဖြစ်နေသည်။ အဲ့တာနဲ့ ရင်ခွင်ထဲက ဆွဲပွေ့ လိုက်သည်။...

ANDA SEDANG MEMBACA
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romantikaရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔