unicode
အခန်းထဲရောက်တော့...
မင်းရေစက်ထင်က ခုတင် ပေါ်မှာ ထိုင် လိုက်သည်။ ပြီး လျှင် သာယာအေးရဲ့ လက်ကို မလွတ်သေးပဲ ဆွဲကာ သာယာအေးကိုပါ ခုတင်ပေါ်မှာ ထိုင်စေ သည်။
မင်းရေစက်ထင် က သာယာအေး ရဲ့ မျက်နှာ ကို တည့်တည့် ကြည့်သည်။ သာယာအေး ကတော့ ခေါင်း ကိုငုံ့ထားသည်။
"သာယာ...ကိုယ့် ကို ကြည့် ပါအုန်း ”
ဘယ်ဘက် လက်နဲ့ ခေါင်းလေးကို အသာလေး ဆွဲ လှည့်တော့ သာယာအေးလည်း မင်းရေစက်ထင်ကို ကြည့်လာပြီး အကြည့် ချင် ဆုံနေလေသည်။
သာယာအေးရဲ့ မျက်ဝန်းတို့မှာတော့ ပုလဲရောင် မျက်ရည်စတို့က နေရာယူနေသည်။
"ကိုယ့် ကို အ့လောက်တောင် မုန်း လားဟင်.. ”
မင်းရေးစက်ထင်က ထိုသို့မေး လာတော့
သာယာအေးက ခေါင်းကို ပြန်ငုံ့သွား သည်။". ..”
"ကိုယ့်ကို မုန်းရင် ပြောပါ... သာယာ..ကိုယ် မြို့ကို ပြန်တော့မယ်.. ”
မင်းရေစက်ထင် သည်လည်း မျက်ရည်စ အနည်းငယ် ကျကာ အသံက လည်း အနည်းငယ်တုန်ရီနေသည်။ ဒါကို သာယာအေးမှ သတိထားမိတော့.. မင်းရေစက်ထင် ဘက်ကို မျက်နှာ ပြန်လှည့်ကာ..
"မဟုတ်တာ... ကျုပ် မမုန်းပါ ဘူး ခများ ကို...
တောင်းပန်ပါတယ် ဆိုတဲ့ စကား ကလွှဲ ပြီး ကျန်တာ မပြော တတ်ဘူး.. အဟင့်ဟင့်..”"မျက်ရည် မကျ ပါ နဲ့ တော့... သာယာ ရဲ့ မျက်ရည်တစ်စ မြေခရင်ပဲ ကိုယ့် လက်က ဒဏ်ရာ ထက် အဆပြောင်းများစွာ ပိုနာကျင်ရလို့”
"...”
သာယာအေးက ဘာမှ ပြန်မပြော ပဲ ခေါင်း ကိုငုံ့ကာ ရှုံ့နေသည်။
"ကိုယ်... သာယာ့ကို ပြော စရာ စကား တစ်ခွန့် ရှိတယ်.. သာယာ လေးလေးနက်နက် နားထောင်ပေးပါနော်.. ”
"အင်း.. ”
အင်းတစ်လုံးထဲ ပါးစပ်က တိုးတိုးလေး ထွက်လာပြီး ခေါင်းကိုတော့ သုံး၊လေးကြိမ်ထက်မနဲ ညိမ့်နေမိသည်။
"ကိုယ် မင်း ကို အရမ်း ချစ်တယ်... မဟုတ်ဘူး..
မောင် လေ သာယာ့ကို အရမ်း ချစ်တယ် ...”

ВЫ ЧИТАЕТЕ
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Любовные романыရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔