Chapter (8)

287 30 2
                                    

ရှောင်းကျန့် သူ့ဦးလေးနဲ့စကားပြောပြီးတဲ့နောက်အချိန်ကာလတစ်ပတ်ကိုကြာသွားပြီဖြစ်သည်။
ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ ဦးလေးကျန်းနဲ့ယန်လီတို့အကြောင်းကိုသူစဉ်းစားမိခဲ့သည်။ဒီနေ့မှာ သူနောက်ဆုံး ဆုံးဖြတ်ချက်ကိုချခဲ့ပြီဖြစ်သည်။

ဒီကမ်းလှမ်းမှုကိုသူလက်ခံလိုက်တော့မည်။

"ဦးလေးကျန်းပြောတာမှန်တယ် ... ဒါ ငါ့အတွက်ဖြစ်နိုင်တယ်" ရှောင်းကျန့်တွေးမိနေသည်။

ဒါတွေပြီးရင် သူ့ဘ၀တစ်ခုလုံးလုံး၀ပြောင်းလဲသွားမှာသူသိပါသည်။ ဒါပေမယ့် ဒါတွေအားလုံးကိုရင်ဆိုင်ဖို့ သူအဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ဒီအပြောင်းအလဲတွက်လည်းသူအဆင်သင့်ဖြစ်နေပြီ ဘာဖြစ်လို့လည်းဆိုတော့ သူ့ကိုချစ်တဲ့သူတွေကသူ့အနားမှာအမြဲတမ်းအားပေးနေလို့ဖြစ်သည်။

ရှောင်းကျန့်သူ့ဖုန်းကိုယူပြီး နံပါတ်တစ်ခုကိုခေါ်လိုက်သည်။
တတိယအကြိမ်မြောက်ဖုန်းမြည်သံကြားပြီးတော့ တစ်ဖက်ကနေရွှင်ပျတဲ့အသံတစ်ခုကိုကြားလိုက်ရသည်။

"Hello ရှောင်းကျန့် , နေကောင်းရဲ့လား?" မော့လောင်ရှီးကစိတ်လှုပ်ရှားစွာပြောလေသည်။

"Hi, လောင်ရှီး ... ကျွန်တော်နေကောင်းပါတယ် ... လောင်ရှီးရော"

"လောင်ရှီးလည်းနေကောင်းပါတယ်"

"လောင်ရှီး ... ကျွန်တော် ...ကျွန်တော်ဆုံးဖြတ်ချက်ချပြီးပြီလို့ထင်တယ် ..." သူအရမ်းစိတ်လှုပ်ရှားနေတော့ ရှောင်းကျန့်ဘာပြောရမလဲမသိနေဘူး။

"အိုး တကယ်လား?? ဒါဆို ..... ဘယ်လိုဆုံးဖြတ်ထားလဲ?" သူမကမေးသည်။
မော့လောင်ရှီးက ရှောင်းကျန့်ဆီကသတင်းကောင်းကိုအစောကြီးကတည်းကမျှော်လင့်ထားပေမယ့် ဒီကောင်လေးကိုယ်‌တိုင်ပြောတာကိုသူမကြားချင်သည်။

"ကျွန်တော် ကမ်းလှမ်းချက်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်"

"အမလေး ... ကျေးဇူးအများကြီးတင်ပါတယ် ရှောင်းကျန့် ...ကျေးဇူးအများကြီးတင်ပါတယ်" မော့လောင်ရှီးကအော်လို့ပြောလေသည်။

The Only One For Me (Myanmar Translation)Where stories live. Discover now