Chapter (32) Zawgyi

58 2 0
                                    

"ဆရာဝန်ဘာပြောလဲ?"
ဆရာဝန်အခန်းထဲကနေ Daxun ထွက်လာတော့ ရိပေါ် သူ့ကိုမေးလိုက်သည်။

"အင်း.. သိပ်မထူးခြားပါဘူး... ဆရာဝန်ကစိတ်ဖိစီးမှုတွေသိပ်မထားနဲ့ပြောတယ်...ခန္ဓာကိုယ်ကအရင်လိုမသန်မာဘူးတဲ့..ခေါင်းကိုက်နေတာကစိတ်ဖိစီးမှုတွေကြောင့်လို့ပြောတယ်... အင်း... ငါဘာမှလုပ်လို့မရဘူး.. အလုပ်ပိုလုပ်ပြီးပိုက်ဆံပိုရှာဖို့တော့လိုလိမ့်မယ်.. ငါ့ဘ၀ကအရင်ကလိုလွယ်ကူမနေတော့ဘူး...ဒါတွေက မင်းကိုသစ္စာဖောက်မိလို့ ဝဋ်ပြန်လည်တာဘဲထင်ပါရဲ့"

Daxun အဆင်မပြေစွာဘဲပြုံးလိုက်ရင်း ရိပေါ်ကိုကြည့်လိုက်သည်။
ဘာတစ်ခွန်းမှစကားပြန်မပြောဘဲပါးစပ်ပိတ်နေတဲ့ရိပေါ်ကသူ့ကိုအဆင်မပြေဖြစ်စေသည်။

'ရိပေါ်ကနည်းနည်းလေးတောင်စိတ်ဝင်စားတဲ့ပုံမပြဘူးဘဲ'

သူ ရိပေါ်ဆီကအသနားခံမှုလေးများရနိုင်မလားဆိုပြီးကြိုးစားနေပေမယ့် ရိပေါ်ကသူ့ကိုလုံးဝဂရုမစိုက်ပါ။

"ဆရာဝန်ကမင်းကိုဘာဆေးမှမညွှန်းလိုက်ဘူးလား?"

"အာ.. အင်း... ငါသောက်နေကျဆေးတွေအပြင်နောကထက်ထပ်သောက်စရာမလိုတော့ဘူးလို့ပြောတယ်...သူကငါ့ကိုလုံးဝအနားယူပါတဲ့"

"အင်း.. ဒါဆို ငါအရင်သွားပြီ"
ရိပေါ်က Daxun ကိုထားခဲ့ပြီး လမ်းလျှောက်သွားတော့သည်။

"ခ..ခဏလေး ရိပေါ်!" ရိပေါ်ကိုအမီလိုက်ဖို့ Daxun ခပ်မြန်မြန်လျှောက်သွားလိုက်သည်။

"ရိပေါ်"
Daxun ကရိပေါ်လက်မောင်းကိုလှမ်းဆွဲလိုက်တာမို့ ရိပေါ်ခြေလှမ်းတွေရပ်တန့်သွားရသည်။ပြီးတော့ သူ့လက်ကိုဆွဲထားတဲ့ Daxun လက်တွေကို ရိပေါ်စိုက်ကြည့်လိုက်သည်။

"အာ.. တောင်းပန်ပါတယ်"
ရိပေါ်လက်မောင်းကိုဆွဲထားမိတာကို Daxun လွှတ်လိုက်သည်။

"အင်း.... ရိပေါ် ခုနကပန်းခြံကိုငါ့ကိုပြန်ပို့ပေးလို့ရမလား? ငါပိုက်ဆံပိုမယူလာမိလို့.. ယူလာတဲ့ပိုက်ဆံကဆရာဝန်‌စမ်းသပ်ခပေးလိုက်တာကုန်သွားလို့"

ရိပေါ်ဘာမှ‌ပြန်မပြောဘဲ စိုက်ကြည့်နေသည်။ နောက်တော
"ကောင်းပြီလေ ငါလိုက်ပို့ပေးမယ်"

The Only One For Me (Myanmar Translation)Where stories live. Discover now