Chapter (18)

213 28 1
                                    

Yibo's POV

ရိပေါ် နှင့် ဟိုက်ခွမ်း ဖုန်းပြောနေစဉ်

YB : ဟဲလို ကော

HK : ဟဲလို ရိပေါ် ... နေကောင်းရဲ့လား?

YB : ကောင်းတယ် ကော ... ကောရော?

HK : ကောင်းတယ်...အလုပ်ကတော့အမြဲရှုပ်နေတာဘဲ..ကောဆီဖုန်းသိပ်မဆက်လိုပါဘူး...ဘာပြောစရာရှိလို့လဲ ရိပေါ်?

YB  : အင်းး.. ကျွန်တော်တို့တွေ့လို့ရမလား? ... ကောနဲ့အရေးတကြီးပြောစရာရှိလို့..

HK :  ကောင်းပြီ .. ကောမှာလည်းမင်းမေးစရာရှိတယ် ..အိမ်ကိုလာမလား?ဦးလေးနဲ့တွေ့ဖို့မလာတာလည်းကြာပြီမလား..

YB : ဟုတ်ကဲ့ ကော..ဒီ‌နေ့ည ညနေစာ စားဖို့လာခဲ့ပါမယ်..

HK : ကောင်းပါပြီ .. ကောတို့ညနေမှတွေ့ကြမယ် .. Bye!

YB : See you. Bye!

---------------

သူ့အကိုဆီကနေအကူညီယူဖို့ရိပေါ်ဆုံးဖြတ်လိုက်သည်။သူ့ အကိုသာဆိုရင် မလုပ်နိုင်တဲ့အရာဘာမှမရှိဘူး.. သူ့အကိုကသူပြောသမျှနားထောင်ပေးတဲ့အကောင်းဆုံးလူတစ်ယောက် .. ပြီးတော့ သူတိုင်ပင်လို့ရတဲ့သူတစ်ယောက်...

ဒါပေမယ့် ကောကသူ့ကိုမေးစရာရှိတယ်ဆိုပြီးပြောတယ် ... အဲဒါဘာဖြစ်နိုင်မလဲ? ကုမ္ပဏီအလုပ်တွေကူဖြေရှင်းပေးဖို့‌သူ့ကိုအကူညီတောင်းမှာတော့မဟုတ်ဘူးမလား?
အဲ့လိုသာဆိုရင်တော့လုံး၀သဘောတူမှာမဟုတ်ပါ...
ရုံးခန်းထဲကစားပွဲမှာထိုင် စာရွက်တပုံနဲ့အလုပ်လုပ်ရတာမျိုးက သူ့အကြိုက်မဟုတ်...

သူတို့မိဘတွေကွယ်လွန်သွားပြီးကတည်းက ဒီအကိုကသူ့ကိုစောင့်ရှောက်ခဲ့တာဖြစ်သည်။သူငါးနှစ်အရွယ်ကတည်း ဟိုက်ခွမ်းကောက သူ့အဖေဆိုလည်းဟုတ် အမေနဲ့အကိုဆိုလည်းဟုတ်ခဲ့ရသည်။

ဦးလေးကသူတို့ဘ၀အတွက်လိုအပ်တာတွေအကုန်ထောက်ပံ့ပေးခဲ့တယ်ဆိုပေမယ့် သူပျော်ရွှင်တိုင်း သူ၀မ်းနည်းတဲ့အချိန်တိုင်း သူ့အနားမှာရှိပေးတာ သူ့အကို ဟိုက်ခွမ်း‌တစ်ယောက်သာလျှင်...

သူဆယ်ကျော်သက်အရွယ်တုန်းက သီချင်းဆိုတာနဲ့ကတာကိုစပြီးသဘောကျခဲ့သည်။အဲဒီကတည်း သူ့အနုပညာလောကမှာ trainee ဘ၀နဲ့စတင်ဖို့ သူ့အကိုဆီကခွင့်ပြုချက်တောင်းခဲ့သည်။

The Only One For Me (Myanmar Translation)Where stories live. Discover now