Chapter (31)

142 18 0
                                    

ချူးယွဲ့သူ့ကိုနမ်းသွားပြီး‌တဲ့နောက်နေ့ကစ သူ့ဆီကိုဖုန်းဆက်တိုင်းစာပို့တိုင်းမှာ ရှောင်းကျန့်တော်အဆသ်မပြေဖြစ်ရသည်။ ဘာသဘောနဲ့နမ်းသွားတာလဲလို့မေးလိုက်ချင်ပေမယ့် ချူးယွဲ့ဆီကပြန်ပေးလာမယ့်အဖြေကိုသူတကယ်ဘဲကြောက်ပါသည်။

သူကြောက်ပါသည်။အဲဒီ‌အဖြေကသူတို့နှစ်ယောက်ကြားကသူငယ်ချင်းဆက်ဆံရေးပျက်သွားစေမှာကို.. အဲဒီလိုဖြစ်သွားမှာတကယ်ဘဲသူမလိုချင်ပါ..သူ့အနေနဲ့ ချူးယွဲ့က သူငယ်ချင်းတစ်ယောက် အကိုတစ်ယောက်..အဲဒီထက်ဘယ်တော့မှပိုလိမ့်မည်မဟုတ်..
ရှောင်းကျန့်အတွက် အချစ်ကအချစ်ပင်ဖြစ်တာမို့ ယောက်ျားမိန်းမဆိုတာသူ့အတွက်ကိစ္စမရှိ...အဲဒါကြောင့်မို့ ချူးယွဲ့ကယောက်ျားလေးကိုကြိုက်တာသူ့အတွက်ဘာပြဿနာမှရှိလာမှာမဟုတ်ဘူး အဲဒီလူကသူဖြစ်မနေသ၍ပေါ့...
ချူးယွဲ့နဲ့ဒီလိုဆက်ဆံရေးမျိုးသးတစ်ခါမှမစဉ်းစားကြည့်ခဲ့ဖူးဘူး.. ချူးယွဲ့ကဂရုစိုက်တတ်ပြီးကြင်နာတတ်တဲ့လူပါ.. သူတကယ့်ကိုကြင်နာတတ်တာမှန်ပေမယ့်လည်း သူချူးယွဲ့ကိုလုံး၀လက်ခံနိုင်မည်မဟုတ်ပါ...တကယ်လို့သာချူးယွဲ့ကိုသူလက်ခံလိုက်မယ်ဆိုရင် သူ့အကိုအရင်းနဲ့ချစ်သူဖြစ်သလိုသူခံစားရလိမ့်မည်.. ဒီလိုပေါက်ကရအတွေးနဲ့တောင်မှ သူစိတ်ပျက်စရာကောင်းအောင်ခံစားလိုက်ရသည်။

အဲဒီ‌ေန့ကတည်းကစပြီး ချူးယွဲ့ပိုပိုပြီးထူးဆန်းလာသည်။အချိန်တိုင်ထမင်းအတူစားဖို့ကြိုးစားနေတာမို့ သူယဉ်ယဉ်ကျေးကျေးဘဲငြင်းပယ်ခဲ့သည်။ဒါကလည်းသူမတွေ့ချင်လို့ဆိုတာထက် အလုပ်ကတကယ်ဘဲမအားလို့ဖြစ်သည်။
ချူးယွဲ့ကသူအဆင်ပြေပါတယ်ဆိုပြီးအမြဲပြောပေမယ့် သူစိတ်ပျက်သွားတယ်ဆိုတာကိုရှောင်းကျန့်သေချာသိပါသည်။တစ်ခါက ဆို သူဘယ်မှာရှိနေလဲဆိုတာတောင် ချူးယွဲ့ကမေးခဲ့သည်။သိပ်မကြာခင်မှာဘဲနေ့လည်စာထမင်းဘူးကသူ့အတွက်ဆိုပြီးရောက်လာခဲ့သည်။အဲဒီထမင်းဘူးတွေကလည်း သူ့တစ်ယောက်တည်းအတွက်မဟုတ်ဘဲ ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးအတွက်ပါပို့ခဲ့တာဖြစ်သည်။သူ့စိတ်ထဲထင်နေတာဘဲလားသူမပြောတတ်ပေမယ့် ချူးယွဲ့ပုံစံက ရှောင်းကျန့်ပတ်၀န်းကျင်ကလူတွေ သူ့ကိုအကောင်းမြင်အောင်ကြိုးစားနေတယ်လို့သူခံစားနေရသည်။

The Only One For Me (Myanmar Translation)Where stories live. Discover now