Chapter (22) Zawgyi

77 2 0
                                    

ဟဲဖုန်လက်သီးဆုပ်ပြီး သူ့အခန်းကိုပြန်သွားခဲ့သည်။ Changze နဲ့ Cangse အပေါ်ထားတဲ့သူ့ရဲ့အမုန်းအာဃာတတရားတွေကပိုပိုပြီးနက်ရှိုင်းလာခဲ့သည်။ဒီလင်မယားမှာ ကလေးမရှိတာတော်တော်ကံကောင်းတယ်လို့ဟဲဖုန်တွေးမိသည်။မဟုတ်ရင် အဲဒီကလေးကိုသူငယ်ငယ်တုန်းကခံစားခဲ့ရတဲ့အတိုင်း တစ်ထပ်တည်းခံစားရအောင်လုပ်ပစ်မှာ...

အဲဒီနေ့ကစပြီး သူ့အဖေဆီကအသိမှတ်ပြုခံရဖို့ ဟဲဖုန်ပိုပိုပြီးကြိုးစားတော့သည်။သူ့ကိုဘယ်လောက်ဘဲပစ်ပယ်ထားပါစေ သူလုံးဝလက်မလျှော့ခဲ့..

ဆုံးသွားတဲ့သူ့ဇနီးသည်မွေးခဲ့တဲ့ ဒီသားက အသုံးမကျတဲ့သူမဟုတ်ဘူးဆိုတာ သူ့အဖေကိုသိစေချင်ပါသည်။

----------------

ဟဲဖုန်တက္ကသိုလ်မှာအမှတ်ကောင်းကောင်းဖြင့်ဘွဲ့ရခဲ့ပြီး ထိပ်တန်းတက္ကသိုလ်တစ်ခုကို ပညာသင်ဆုဖြင့်ဝင်ခွင့်ရခဲ့သည်။ သူ့အဖေကသူ့ပညာရေးအတွက်ပြည့်စုံအောင်ထောက်ပံ့ပေးနိုင်ပေမယ့် အဖေ့အပေါ်မမှီခိုဘဲ သူတစ်ယောက်တည်းလည်းရပ်တည်နိုင်တယ်ဆိုတာကိုသူသိစေချင်သည်။
စီးပွါးရေးအထူးပြုဖြင့် သူ ဘွဲ့ယူခဲ့သည်။အဓိကကတော့ သူ့အဖေသာလက်ခံခဲ့ရင် ကုမ္ပဏီအလုက်တွေမှာသူ့အဖေနဲ့အတူတူကူညီပေးနိုင်အောင်ဖြစ်သည်။
ဟဲဖုန်ရဲ့ကြိုးစားရုန်းကန်နေတာကိုတွေမြင်တော့ ရှိုးချင်ကသူ့နှလုံးသားကိုဖြည်းဖြည်းချင်းစီဖွင့်ပေးခဲ့သည်။သူလက်ခံလိုက်ပြီးတော့ ဟဲဖုန်ကိုတဖြည်းဖြည်းဂရုစိုက်လာတော့သည်။

ဝမ်ရုန်ကိုတော့ အရင်ကတည်းကရှိုးချင်ကဂရုစိုက်ပြီးသား.
ဘွဲ့ရပြီးသွားတော့ ၀မ်ရုန်ကို CEO တစ်ယောက်သိသင့်သိထိုက်တာတွေကိုအကုန်လေ့လာစေခဲ့သည်။ကုမ္ပဏီအလုပ်တွေကိုစိတ်ဝင်စားခြင်းမရှိတော့တဲ့ ရှိုးချင်က အလုပ်တွေကိုရောကုမ္ပဏီကိုပါ ၀မ်ရုန်ကိုတတ်နိုင်လောက်မြန်မြန်ဆန်ဆန်လွှဲပေးစေချင်ပြီ...
ဟဲဖုန်ဘွဲ့ရတော့ ရှိုးချင်က သူ့ကို ၀မ်ရုန်ရဲ့လက်အောက်မှာ အတွင်းရေးမှူးအလုပ် လုပ်နိုင်မလားလို့မေးခဲ့သည်။ သူ့အဖေက သူ့ကိုပထမဆုံးအကြိမ်တောင်းဆိုတာမို့ ဟဲဖုန်အရမ်းကိုမှပျော်ရွှင်နေသည်။

The Only One For Me (Myanmar Translation)Where stories live. Discover now