Chapter (20)

225 23 1
                                    

လက်သီးတစ်ချက်ကမှန်တင်ခုံပေါ်ကိုရောက်လာသည်။
မိတ်ကပ်ပစ္စည်းတွေ တခြားတင်ထားတာတွေလွင့်ကျကုန်ပြီး ၀န်ထမ်းတွေပါအဝေးကိုပြေးထွက်သွားကြသည်။ ချောင်ယွီချန် လုံး၀ဒေါသထွက်နေသည်။
သူစီစဉ်ထားတာတေံကလုံး၀ကိုတလွဲစီ...

၀မ်ရိပေါ်လိုအေးစက်တဲ့လူကတခြားသူ‌အပေါ်ဂရုစိုက်လိမ့်မယ်လို့ သူလုံး၀မထင်ထားမိခဲ့ဘူး... ရှောင်းကျန့်နဲ့ပတ်သတ်ပြီးသူဖန်တီးခဲ့တဲ့ကောလဟတွေကိုလူတွေမေ့သွားအောင် ရှောင်းကျန့်အကြောင်းတွေ ရှောင်းကျန့်နဲ့ပတ်သတ်တဲ့အမှန်တရားတွေကိုဖြန့်ခဲ့တာ ရိပေါ်မှန်းသူသိခဲ့ပြီးပြီ...
ရှောင်းကျန့်က၀မ်ရိပေါ်ဆီကနေအကူညီရလိမ့်မယ်လို့သူလုံး၀မျှော်လင့်မထားမိဘူး...

ပြဿနာလည်းမရှိ အရှုပ်အရှင်းလည်းမရှိတဲ့ ရိပေါ်လိုပုံရိပ်ကောင်းတဲ့သူဆီကဘယ်စကားကိုမဆို လူတွေကယုံကြမှာဘဲ...
ဒီတစ်ပတ်မှာ သူတို့ရိုက်ခဲ့ပြီးလွှင့်ပြီးခဲ့တဲ့ရုပ်ရှင်နဲ့ပတ်သတ်ပြီး fan meeting တစ်ခုရှိတယ်... သရုပ်ဆောင်တွေအကုန်လုံးမဖြစ်မနေတက်ကြရလိမ့်မယ်..အဲဒါက ရှောင်းကျန့်သာမက ရိပေါ်နဲ့ပါ ယွီချန်တွေ့ရမယ်ဆိုတဲ့အဓိပ္ပါယ်...သူ ရှောင်းကျန့်အပေါ်မကောင်းတာတစ်ခုခုလုပ်ဖို့ကြံစည်ထားပေမယ့် ရိပေါ်လည်းအဲဒီမှာရှိနေမှာမို့ သူကြံစည်ထားတာအောင်မြင်ဖို့တော့ခက်ခဲလိမ့်မယ်....

"ငါသူ့ဆီကနေ လူတစ်ချို့ထပ်ပြီးငှားလိုက်ရမလား?" ယွီချန်တိတ်တိတ်လေးတွေးနေတယ်။

--------------
Fan meeting ကိုတော့ ဇာတ်ပို့သရုပ်ဆောင်တွေရော ဇာတ်ရံနေရာကသရုပ်ဆောင်တွေရော အားလုံးတက်ရောက်ကြတယ်..... Fan meeting မှာ ဂိမ်းကစားကြတော့ ပရိတ်သတ်တွေ ship တဲ့စုံတွဲတွေနဲ့ တကယ့်စုံတွဲတွေကယှဉ်ပြိုင်ကြရတယ်။

ဒီသရုပ်ဆောင်အတွဲတွေက ရုပ်ရှင်မှာထက် တကယ့်အပြင်မှာတကယ့်ကိုရင်းနှီးနေကြတာမို့ ပရိတ်သတ်တွေကလုံး၀ကျေနပ်နေကြတယ်...
ရိပေါ်ရဲ့ ဂရုစိုက်တာတွေ ကာကွယ်ပေးပြီး သူ့အပိုင်လုပ်တဲ့ပုံစံတွေကိုရှောင်းကျန့်ဆီမှာတွေ့ရတဲ့အခါမှာတော့ ခန်းမတစ်ခုလုံးအော်သံကျယ်တွေဖုံးလွှမ်းသွားတော့တယ်....

The Only One For Me (Myanmar Translation)Where stories live. Discover now