Chapter (27)

167 22 0
                                    

သရုပ်ဆောင်တစ်ဦးအား အုပ်စုဖွဲ့အဓမ္မပြုကျင့်ရန်​ ကြိုးစားမှုဖြင့် အခြားသရုပ်ဆောင်နှစ်ဦးဖမ်းဆီးခံရ

အဲဒီသတင်းကိုတွေ့တော့ သူ့လက်ထဲမှာကိုင်ထားတဲ့ TV remote နဲ့ ဟဲဖုန် TV ဖန်သားပြင်‌ကိုပစ်ပေါက်လုနီးပါးဖြစ်ခဲ့သည်။

'အသုံးမကျဘူး အသုံးမကျဘူး အသုံးမကျဘူး...ငါ့လူတွေကိုငါငှားပေးခဲ့တာတောင်မှ ဒီလွယ်ကူတဲ့အလုပ်တစ်ခုကိုဖြစ်မြောက်အောင်မလုပ်နိုင်ဘူး... ဘယ်လိုတောင်အသုံးမကျလဲဆိုတာ... ငါ့နာမည်ထွက်ရဲထွက်လာကြည့်စမ်း ထောင်ထဲမှာငရဲလိုနေသွားရအောင်ငါလုပ်ပေးလိုက်မယ်'
'ဒီပုံအတိုင်းဆိုရင် ကိစ္စတွေကိုငါကိုယ်တိုင်လုပ်ရတော့မှာဘဲ'

သူခပ်ထေ့ထေ့လေသံနဲ့ပင်ဆုံးဖြတ်ချက်ချလိုက်သည်။
ယွီချန်နဲ့သူ့လူတွေအဖမ်းခံရတာသူဂရုမစိုက်ပါ.. ဒီကိစ္စထဲမှာသူမပါဘူးဆိုရင် အဆင်ပြေပြီ...
ယွီချန်ကဒီကိစ္စကိုကိုယ်တိုင်ကိုင်တွယ်နိုင်မယ်ထင်လို့ သူဖြေရှင်းခွင့်ပေးလိုက်ပေမယ့် သူ့အတွေးတွေကလုံး၀မှားသွားခဲ့သည်။

"ခေါင်းဆောင်နေရာမရလာက်အောင်နာမည်မကြီးတာအံ့ဩစရာမရှိပါဘူး.. ဒီလောက်‌ေ**ာက်သုံးမကျတော့ ဘယ်သူက ခေါင်းဆောင်တင်ရိုက်ချင်ပါ့မလဲ.."

ထို့နောက်ဖုန်းနံပါတ်ရိုက်သံတွေထွက်ပေါ်လာခဲ့သည်။

"ဟဲလို" ဟဲဖုန်တစ်ယောက်ယောက်ကိုဖုန်းခေါ်လိုက်သည်။

"ဟဲလို သူဌေး... ကျွန်တော်ဘာလုပ်ပေးရမလဲ?"
တစ်ဖက်ခြမ်းကအသံကပြန်ဖြေသည်။

"ယွီချန်အဖမ်းခံထားရတဲ့ရဲစခန်းကိုသွားပေး... သူ့ဆီကငါ့နာမည်တစ်ခွန်းမှထွက်မလာအောင်လုပ်ခဲ့..တခြားကောင်တွေကကိစ္စမရှိဘူး သူတို့ကငါ့လူတွေမလို့ ငါ့နာမည်ကိုလုံး၀ထုတ်ပြောကြမှာမဟုတ်ဘူး.."

ဟဲဖုန်ကသူ့လူတွေကိုယွီချန်ထက်ပိုပြီးယုံပါသည်။ပြီးတော့ ဒီလူတွေကိုပိုက်ဆံတွေပေးပြီးထောက်ပံ့ပေးထားတာသူမဟုတ်ပါလား.. သူတို့တွေသူ့ကိုသစ္စာဖောက်ကြမှာမဟုတ်ပါ??

"ကောင်းပါပြီ သူဌေး"

ဆက်သွယ်မှုကပြီးဆုံးသွားပြီ..

The Only One For Me (Myanmar Translation)Where stories live. Discover now