Chapter (13)

260 25 2
                                    


Yibo's POV

ရိပေါ်, ရှောင်းကျန့်နဲ့အတူ မော့လောင်ရှီးရဲ့လေ့ကျင့်မှုတွေနဲ့စတင်ခဲ့တာရက်အနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်သည်။
အရိုးသားဆုံးပြောရရင် ရှောင်းကျန့်ကြောင့်သူအရမ်းအံ့ဩခဲ့ရသည်။ရှောင်းကျန့်က မော့လောင်ရှီးပြောထားတဲ့အတိုင်း တကယ့်ကို ပါရမီထူးချွန်တဲ့သူ။ရက်အနည်းငယ်လေ့ကျင့်ပြီးတဲ့နောက်မှာဘဲ သူကသရုပ်ဆောင်တစ်ယောက်ပုံစံဖြစ်လာလေသည်။ဒါပေမယ့် ဒီလောက်ကလုံလောက်ပြီလို့မဆိုနိုင်သေးဘူး ... ဒီရုပ်ရှင်ကသရုပ်ဆောင်ကောင်းတယ်ဆိုတာထက်ကိုပိုနေမှ .... ပြီးတော့ Director Steve ရဲ့တင်းကြပ်တဲ့ပုံစံနဲ့ဆိုရင် ရှောင်းကျန့်ပိုပြီးကြိုးစားဖို့လိုအပ်ပါလိမ့်မည်။

ဒါပေမယ့် အခုနောက်ပိုင်းမှာ တစ်စုံတစ်ခုကသူ့စိတ်ထဲနေရာယူနေသည်။အဲဒါမော့လောင်ရှီးနဲ့ပထမဆုံးလေ့ကျင့်တဲ့ရက်မှာနေ့လည်စာစားခဲ့တုန်းက ရှောင်းကျန့်ပြောခဲ့တာနဲ့ပတ်သတ်နေတာ။

ဖုန်ချူးယွဲ့ ...

သူကဘယ်သူလဲ? ရှောင်းကျန့်နဲ့ဘယ်လိုဆက်ဆံရေးရှိတာလဲ? သူတို့ကတကယ်ရှောင်းကျန့်ပြောတဲ့အတိုင်းသူငယ်ချင်းဘဲလား? ဒါပေမယ့် အဲဒီကောင်အကြောင်းပြောတဲ့အခါ ရှောင်းကျန့်ကဘာလို့တအားကိုချိုချိုသာသာပြုံးနေရတာလဲ?

ပြီးခဲ့တဲ့ရက်အနည်း‌ငယ်လောက်ကတည်းက သူ့စိတ်ထဲအဲဒီအတွေးတွေကနှောင့်ယှက်နေတာဖြစ်သည်။
အိပ်မက်ကလည်းအရင်လိုဘဲဆက်ပြီးမက်နေတုန်း .. အိပ်မက်မှာသူပိုပိုပြီးတော့မြင်ကွင်းတွေကိုသိလာရသည်။ရေတံခွန်နားမှာတစ်စုံတစ်ယောက်ထိုင်နေတာ , ရှေးဟောင်းအခန်းတစ်ခုမှာဗျပ်စောင်းတီးနေတာ , တစ်စုံတစ်ယောက်ပလွေမှုတ်တာကိုနားထောင်နေတာ အဲဒါတွေကိုသူမြင်မက်နေသည်။
ဒါပေမယ့် သူမက်ခဲ့တဲ့အဲဒီအိပ်မက် , ဘယ်အိပ်မက်မှာမှ ဝေ့ရင်း ကိုမတွေ့ရပါ ...။

ဒါပေမယ့် တစ်ခုတော့သူပြောင်းလဲသွားခဲ့ပါသည်။ည‌တစ်ရေးမနိုးတော့ဘဲ တစ်ရေးတည်းကောင်းကောင်းအိပ်ပျော်ခဲ့ပြီ။

မနေ့က မော့လောင်ရှီးက drama မှာသရုပ်ဆောင်မယ့် သရုပ်ဆောင်တွေအားလုံး workshop မှာမကြာခင်စတော့မယ်လို့အကြောင်းကြားခဲ့သည်။
သေချာတာကတော့ ဒီအိမ်မှာလူတွေအများကြီးနေကြတော့မှာဖြစ်ပြီး ရှောင်းကျန့်နဲ့နီးနီးကပ်ကပ်နေဖို့အခွင့်အရေးတွေကိုသူမကြာခင်နှုတ်ဆက်ရတော့မည်။

The Only One For Me (Myanmar Translation)Where stories live. Discover now