Chapter (21)

210 18 1
                                    

*ဒေါက်* *ဒေါက်*

"၀င်လာပါ" ရုံးခန်းတံခါးရဲ့အနောက်ဆီကနေအသံတစ်သံထွက်ပေါ်လာသည်။
ယွီချန်အခန်းထဲ၀င်လိုက်တော့ ဒါရိုက်တာထိုင်ခုံမှာထိုင်နေတဲ့လူက ကိုယ်ကိုမတ်လိုက်ကာ ယွီချန်ရောက်လာတာနဲ့ပတ်သတ်ပြီး စိတ်ရှုပ်တဲ့ပုံစံဖြစ်သွားလေသည်။

"မင်း.... ဘာကိစ္စရှိလို့လဲ...မင်းလိုချင်တာတွေငါပေးခဲ့ပြီးပြီ"

"သိပ်ပြီးစိတ်မတိုနဲ့ ဟဲဖုန်...ငါမင်းဆီကအကူညီနည်းနည်းထပ်လိုချင်ရုံပါ.. အဲဒီအတွက်ငါလိုသလောက်ပေးပါ့မယ်"

ယွီချန်က ဟဲဖုန်လို့အမည်ရတဲ့လူရဲ့မျက်နှာချင်းဆိုင်ကခုံမှာထိုင်ရင်းပြောသည်။

"ငါမင်းဆီကပိုက်ဆံမလိုချင်ဘူး...ငါ့ကိုသာလာမနှောင့်ယှက်နဲ့"

"ကောင်းပြီ ကောင်းပြီ..ဒီတစ်ခါမင်းအကူညီတောင်းတာနောက်ဆုံးဘဲ...အဲဒါပြီးရင်တော့ အင်း... မင်းကိုလာမနှောင့်ယှက်တော့ဘူးလို့ထင်တာဘဲ"

ယွီချန်ရဲ့စကားတွေကြောင့် ဟဲဖုန်ဆီကနေအကြည့်စူးစူးကိုရရှိလိုက်သည်။

"ပြော...မင်းဘာလိုချင်တာလဲ?"

ဟဲဖုန် ယီံချန်နဲ့ထပ်ပြီးမပတ်သတ်‌ချင်တော့ပါ...ယွီချန်လိုချင်တာသူမြန်မြန်ဆန်ဆန်ပေးလိုက်ရင် ယွီချန်ကသူ့ကိုနှောင့်ယှက်တော့မှာမဟုတ်ဘူး...

"မင်းဆီကလူနည်းနည်းလောက်ငှားချင်တယ်...သုံး လေး ယောက်ဆိုလုံလောက်ပါပြီ"

"မင်းဘာလုပ်ဦးမလို့လဲ?? ရှောင်းကျန့်ဆိုတဲ့တစ်ယောက်ကိုထပ်ပြီးနှောင့်ယှက်ဦးမလို့လား?"

"သူ့ကိုယ်သူအသိစိတ်မ၀င်ဘူးဆိုရင် ငါကအဲဒီအစားသူ့ကိုဖိအားပေးလိုက်ရုံပေါ့...ငါထင်ပါတယ် သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကသူ့အမေဆီကရတာဆိုရင် အဲဒီဇွဲရှိတာနဲ့ ခေါင်းမာတာကသူ့အဖေဆီကပါလာတာဖြစ်လိမ့်မယ်.."

ယွီချန်ရယ်လိုက်သည်။ဟဲဖုန်က ယွီချန်ဘာတွေပြောနေလဲဆိုတာနားမလည်ဘူး...

"မင်းဘာကိုဆိုလိုတာလဲ?"

"ငါထင်တယ် မင်းငါ့ကိုပေးတဲ့အကြောင်းအရာတွေကိုမဖတ်ရသေးဘူးမလား?"
ယွီချန်မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပေမယ့် ဟဲဖုန်ကမျက်မှောင်ကျုံ့လို့ကြည့်နေတုန်းဘဲ..

The Only One For Me (Myanmar Translation)Where stories live. Discover now