Chapter (11) (Zawgyi)

133 6 0
                                    



Yibo's POV

ရိပေါ်မျက်လုံးကိုဖြည်းဖြည်းဖွင့်ပြီး နိုးတစ်ဝက်အခြေအနေနဲ့ပင် သူ့ဘေးနားကဖုန်းကိုယူလိုက်သည်။
ည‌နေ 6:45 တောင်ရှိနေပြီ ... အပြင်မှာမှောင်နေတာသိပ်တော့အံ့ဩစရာမရှိပါဘူး။
လေးနာရီနီးပါးအိပ်ပျော်သွားတာကြောင့် သူ့အစာအိမ်ကအော်သံနဲ့အတူနိုးလာခဲ့သည်။

သူအခုအရမ်းဗိုက်ဆာနေတယ် ဒါပေမယ့် စားစရာတချို့ချက်ဖို့ကိုလည်းသူပျင်းနေပြန်တယ်။
ပြောရရင်ဒါကဟင်းချက်တာလည်းမဟုတ်ပါဘူး။အေးခဲထားတဲ့စားစရာတွေကိုပြန်နွှေးလိုက်ရုံဘဲ။
သူလှေကားအောက်ဆင်းဖို့တောင်ပျင်းနေသေးတယ်လို့ခံစားနေရတယ်။
အိမ်အကူအဒေါ်ကြီးကိုတကယ်ဘဲဒီကိုခေါ်လာသင့်ပြီလို့သူထင်ပါတယ်။

သူခြေထောက်ကိုတရွတ်တိုက်ဆွဲလို့ရေချိုးခန်းဆီသွားကာမျက်နှာသစ်ပြီး အောက်ထပ်ကိုဦးတည်လိုက်သည်။တွေ့တဲ့ဟာကိုယူပြီးစားလိုက်မယ်လို့သူတွေးသည်။သူ့အစာအိမ်ကိုဖြည့်ဖို့အတွက်ဆိုရင် အဆာပြေမုန့်တွေ‌တောင်အဆင်ပြေပါတယ်။

မီးဖိုခန်းဆီသွားတဲ့တစ်လျှောက်မှာ တစ်စုံတစ်ယောက် ပြီးတော့ အသံတွေအရဆိုရင် အဲဒီတစ်စုံတစ်ယောက်ဟင်းချက်နေတယ်လို့ထင်ရတဲ့အသံတွေကိုသူကြားရသည်။

လောင်ရှီးကငါတို့အတွက်အိမ်အကူကိုပါငှားထားပေးတာလား?

ဘုရား ... အနံ့ကမွှေးလိုက်တာ။

ဟင်းချက်နေတဲ့သူကိုရှာဖို့အတွက် ရိပေါ်ခေါင်းကိုငုံ့လိုက်သည်။ဒါပေမယ့် သူ့မျက်လုံးထဲရောက်လာတဲ့အဲဒီမြင်ကွင်းက သူ့နှလုံးခုန်သံကိုမြန်စေခဲ့သည်။

‌သူမြင်လိုက်တာက apron ၀တ်ထားတဲ့ရှောင်းကျန့် ...  ရှောင်းကျန့်ကမျက်နှာမှာအပြုံးတစ်ပွင့်နဲ့ ဟင်းချက်နေလေတယ်။

Oh God ... ဒီနေ့ ဒီနေရာကိုပြောင်းခဲ့တာ သူတကယ်ကိုမှန်ကန်တဲ့လုပ်ရပ်ကိုလုပ်ခဲ့တာဘဲ။

ရှောင်းကျန့်,သူ့ကိုတစ်ယောက်ယောက်ကြည့်နေတာသတိမထားမိဘူးလို့ ရိပေါ်ခန့်မှန်းမိလိုက်သည်။

"ဘုရားရေ"
ရှောင်းကျန့်အနောက်လှည့်ပြီးသူ့ကိုတွေ့သွားတဲ့အခါမှာတော့လုံးဝအံ့ဩသွားလေသည်။

The Only One For Me (Myanmar Translation)Where stories live. Discover now