Chapter (10)

291 36 2
                                    

xiao zhan's pov

အဲဒီနေ့ကတွေ့ပြီးပြန်လာတော့ သူထုတ်လုပ်ရေးအဖွဲ့တွေစီစဉ်ပေးထားတဲ့အိမ်မှာ တခြားသရုပ်ဆောင်တွေနဲ့ workshop အတွက်အတူနေရမယ့်အကြောင်း ဦးလေးကျန်း,ယန်လီကျဲနဲ့ကျန်းချန်တို့ကို ရှောင်းကျန့်ပြောပြလိုက်တယ်။

သူ့အတွက်အန္တရာယ်မရှိဘဲလုံခြုံတယ်ဆိုရင် သူတို့ကအဆင်ပြေပါတယ်တဲ့ ... ဒါပေမယ့် ယန်လီကျဲနဲ့ကျန်းချန်ကလိုက်ပို့မယ်ဆိုပြီး အခိုင်အမာကိုပြောဆိုနေခဲ့ပြီး သူ့အနေနဲ့လည်းသူတို့ကိုဘယ်တုန်းကမငြင်းနိုင်ခဲ့ဘူး။

ရှောင်းကျန့်,သူနဲ့အတူ luggage နှစ်လုံးယူသွားဖို့ဆုံးဖြတ်ခဲ့တယ်။ယန်လီကျဲနဲ့ကျန်းချန်ကတော့ လို‌တာတွေရှိရင်သူတို့ကိုပြော သူတို့လာပို့ပေးမယ်လို့ပြောတယ်။

သူရောက်ရောက်ချင်းမှာဘဲမော့လောင်ရှီးကပျော်ရွှင်စွာနှုတ်ဆက်လေသည်။

"ရှောင်းကျန့်!!! hello! လာ လာ ၀င်လာ.."

"hello လောင်ရှီး ! ကျွန်တော်နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်"

ယာဉ်ကြောပိတ်တာကြောင့် သူတို့ဆယ်မိနစ်လောက်နောက်ကျသွားခဲ့သည်။

"မဟုတ်ဘူး... အဆင်ပြေတယ် ..နောက်မကျဘူး ရှောင်းကျန့်...  ဒါပေမယ့် သူတို့တွေကဘယ်သူတွေလဲ?"မော့လောင်ရှီးကသူ့ကိုမေးသည်။

"ဒါကကျွန်တော့်အမ လောင်ရှီးဟိုတစ်လောကစားသောက်ဆိုင်မှာတွေ့ခဲ့တာ ... ဒါကတော့ကျန်းချန် ကျွန်တော့်အကိုပါ"
"သူတို့ကိုဒီခေါ်လာမိတဲ့အတွက်တောင်းပန်ပါတယ် .. ကျွန်တော်ကောင်းတဲ့နေရာမှနေရတာသေချာချင်လို့ဆိုပြီး .."

အဲဒီခဏလေးမှာ သူ့ကိုယ်သူအပြစ်ရှိတယ်လို့ခံစားလိုက်ရသည်။ မော့လောင်ရှီးကို သူ မယုံကြည်တဲ့ပုံမျိုးဖြစ်သွားပြီထင်သည်။

"မဟုတ်တာ ... ဘာမှမဖြစ်ဘူး" လောင်ရှီးကအားရပါးရပြုံးပြလို့ပြောလေသည်။
ပြီးတော့ သူမကအခန်းတွေနဲ့ပတ်သတ်ပြီးရှင်းပြကာ အိမ်အနှံ့လိုက်ပြပေးသည်။

သူအခန်းကျယ်တစ်ခုကိုရွေးလိုက်သည်။အဲဒါကသူနေရာကျယ်ကျယ်မှလောဘတကြီးနေချင်လို့မဟုတ်ဘဲ တခြားသရုပ်ဆောင်တွေနဲ့သူငယ်ချင်းဖြစ်ချင်လို့သာ။
အဲဒီလိုဆိုရင် သူတို့ဆီကလမ်းညွှန်မှုတွေယူလို့ရတယ်ပြီးတော့ သူတို့ဆီကလည်းလေ့လာလို့ရတယ်။

The Only One For Me (Myanmar Translation)Where stories live. Discover now