Chapter (15)

245 29 0
                                    

Yibo's POV

Workshop ပြီးဆုံးဖို့နှစ်ရက်သာလိုတော့သည်။ပြီးတာနဲ့ မနက်ဖြန်မှာ ရုပ်ရှင် စရိုက်မည်ဖြစ်သည်။ရိပေါ်နဲ့ရှောင်းကျန့်အပါအ၀င် သရုပ်ဆောင်တော်တော်များများ အခုလက်ရှိအိမ်မှာရုပ်ရှင်ရိုက်ပြီးသည့်အချိန်အထိနေဖို့ဆုံးဖြတ်ထားကြသည်။

ရိပေါ်အခန်းထဲ၀င်လာတော့ ကုတင်ပေါ်မှာထိုင်ပြီးဇာတ်ညွှန်းဖတ်နေတဲ့ ရှောင်းကျန့်ကိုတွေ့လိုက်ရသည်။အရမ်းအာရုံစိုက်နေတာမို့ သူ၀င်လာတာကို ရှောင်းကျန့်သတိမပြုမိဘူး။

"စိတ်လှုပ်ရှားနေတာလား?" ရိပေါ်ကရှောင်းကျန့်ဘေးနား၀င်ထိုင်ပြီးမေးသည်

"အင်း ... ကော အရမ်းစိတ်လှုပ်ရှားနေတာ .. ဒီစာကြောင်းတွေမေ့ကုန်ရင်ဘယ်လိုလုပ်မလဲ?ပြီးတော့ အမှားတွေလုပ်မိရင်ရောဘယ်လိုလုပ်မလဲ?"

"အဲဒါကိုစိတ်မပူနဲ့ ... ရုပ်ရှင်တိုင်းမှာ NG ဖြစ်တာတွေရှိတယ် .. ဘယ်သူကမှအပြစ်ကင်းမနေဘူး ပြီးတော့ အမှားမလုပ်ဖူးတဲ့သူဆိုတာလည်းမရှိဘူး ... ကျန့်ကောက သရုပ်ဆောင်ရမယ့်အခန်းကိုသေချာနားလည်အောင်ကြိုးစား ပြီးရင်ဒါရိုက်တာလိုချင်တဲ့အတိုင်းအကုန်လုပ် ....တကယ်လို့ ကျန့်ကောနားမလည်တာတွေရှိရင် အချိန်မရွေးမေးလို့ရတယ် ... ဘယ်သူကမှစိတ်မဆိုးဘူး ... သိပြီလား?"

ရှောင်းကျန့်မျက်ခုံးတွေတွန့်ကာမျက်မှောင်ကျုံ့ထားတာမို့ သူကြိုးစားပြီးအားပေးလိုက်သည်။

"အွန်း ... ကောင်းပါပြီ"  ရှောင်းကျန့်ကခေါင်းညိတ်လေတယ်။

သူတို့တွေ့ကြတာနှစ်လလောက်ဘဲရှိဦးမယ် ...ပြီးတော့ အရင်ကလည်း ရှောင်းကျန့်နဲ့သိပ်မရင်းနှီး ...
ဒါပေမယ့် ဘာဖြစ်လို့ သူကရှောင်းကျန့်နဲ့အတူရှိတဲ့အခါ သက်တောင့်သက်သာရှိပြီး ပျော်ရွှင်တယ်လို့ခံစားနေရတာလဲ?
တခြား‌သူတွေကို သူ့လို ရှောင်းကျန့်အနားကိုမကပ်စေချင်ဘူးလို့ ဘာလို့ခံစားနေရတာလဲ?

"နောက်ကျနေပြီ... အိပ်ကြရအောင် ... ကျွန်တော်တို့ရှုတင်ပထမဆုံးရက်ကို မျက်လုံးတွေဖောင်းအစ်ပြီးမသွားကြရအောင်"
ရိပေါ် ရှောင်းကျန့်ဆံပင်တွေကိုဖွလိုက်သည်။အဲလိုလုပ်ရတာသူတကယ်ကြိုက်တယ်။ ရှောင်းကျန့်ဆံပင်တွေက ပျော့အိနေတာဘဲ ...။

The Only One For Me (Myanmar Translation)Where stories live. Discover now