Chapter (19)

209 28 2
                                    

ရှောင်းကျန့်ရဲ့အောင်မြင်မှုကနေ့တိုင်းနေ့တိုင်းကိုတဟုန်ထိုးတက်လာခဲ့သည်။
သူ့ရဲ့နာမည်က ဘယ်နေရာမဆို ထိပ်ဆုံးနေရာကနေကိုမဆင်း...

ကုမ္ပဏီအများကြီးကနေသူတို့မဂ္ဂဇင်းအတွက် model လုပ်ပေးဖို့လာကမ်းလှမ်းကြသည်။
ရှောင်းကျန့်,သူ့ကိုလာကမ်းလှမ်းတာ တွေကိုတတ်နိုင်သလောက် လက်ခံပြီး အလုပ်ကိုအကောင်းဆုံးကြိုးစားသည်။
သူ့အိပ်ချိန်တွေစားချိန်တွေကိုပါမေ့ပစ်လောက်တဲ့အထိ...
အလုပ်တွေအကုန်လုံးကိုသူတစ်ပြိုင်နက်တည်းမလုပ်နိုင်ပေမယ့် သရုပ်ဆောင်နယ်ပယ်မှာသူ့တစ်ယောက်စာတာ၀န်ကိုတော့အစွမ်းကုန်ကြေပွန်အောင်လုပ်ဆောင်ပါသည်..
သူ့အနေနဲ့သေချာတာတစ်ခုပြောရမယ်ဆိုရင် အလုပ်ကြိုးစားလို့မှေးမှိန်ပြီးပျောက်ကွယ်သွားတဲ့သူကမ္ဘာ ပေါ်မှာ ဘယ်သူမှမရှိကြဘူး...

ရှုပ်ထွေးများပြားလှတဲ့အလုပ်ချိန်တွေနဲ့ရင်ဆိုင်ရတာပုံမှန်ဘဲဆိုပေမယ့် ရှောင်းကျန့်မှာ sasaeng fan တွေနဲ့ပါထပ်ပြီးရင်ဆိုင်နေရသည်။

သူတို့တွေ‌ကရှောင်းကျန့်ဘယ်သွားသွားအနောက်ကနေတကောက်ကောက်လိုက်ကြသည်။ရှုတင်ရိုက်ကွင်းနဲ့နီးတဲ့‌ hotel တွေမှာနေရင် အဲဒီ hotel အထိလာစောင့်ကြသည်...ရှောင်းကျန့်hotel ဆီပြန်လာရင် သူ့အနားနီးနိုင်သမျှနီးနီးကပ်ကပ်ရောက်အောင်ကြိုးစားကြသည်။တချို့ဆိုရင်သူတို့ဖုန်းတွေ ကင်မရာတွေနဲ့ သူ့မျက်နှာရှေ့တည့်တည့်ကနေတောင်ရိုက်ယူကြသည်။

ကံကောင်းတာက န-ကျဲက သူ့အတွက် တောင့်တောင့်တင်းတင်း သက်တော်စောင့်နှစ်ယောက်ကိုရှာဖွေထားပေးပြီး အဲဒီသက်တော်စောင့်တွေကရှောင်းကျန့်အနားနေလို့ ရှောင်းကျန့်ကိုကာကွယ်ပေးကြတယ်..ဒါပေမယ့် အဲဒီ sasaeng fan တွေကို ဒီသက်တော်စောင့်တွေ ဘာမှလုပ်လို့မရတဲ့အချိန်တွေတောင်မှအကြိမ်များစွာရှိလေတယ်။

ရှောင်းကျန့်က အင်တာဗျူးအတွက် ကမ်းလှမ်းမှုများစွာရရှိခဲ့သည်။ အင်တာဗျူးတဲ့သူအများစုကတော့ ရှောင်းကျန့် celebrity တစ်ယောက်မဖြစ်ခင်တုန်းက သူရဲ့ဘ၀ကိုပိုပြီးစိတ်၀င်စားကြသည်။တချို့အင်တာဗျုးတဲ့သူတွေဆိုရင် သူ့ရဲ့ကိုယ်ပိုင်ဘ၀ကိုအတင်းမေးမြန်းဖို့ကြိုးစားကြသည်။
ကျန်းမိသားစုကို public ဆီသို့ ရှောင်းကျန့်မချပြချင်ပါ.... ဦးလေးကျန်း ယန်လီကျဲ နဲ့ ကျန်းချန် တို့ကို ဘာပြဿနာမှ သူ မဖြစ်စေချင်ပါ...

The Only One For Me (Myanmar Translation)Where stories live. Discover now