Chapter (2) Zawgyi

238 9 6
                                    

"ကျေးဇူးတင်ပါတယ် ... နောက်ထပ်လာခဲ့ပါဦးဗျာ"

"ဘယ်လိုတောင်ပင်ပန်းတဲ့ရက်တစ်ရက်ပါလိမ့်" ရှောင်းကျန့်တစ်ယောက် စားသုံးသူပြန်သွားတော့ကျန်ခဲ့တဲ့စားပွဲကိုရှင်းရင်းပြောလေသည်။

ရှောင်းကျန့်ကလောလောဆယ် ကျန်း မိသားစုအပိုင် ကြာပန်း စားသောက်ဆိုင် (Lotus Restaurant) မှာအချိန်ပိုင်းအလုပ်ဝင်လုပ်နေတာဖြစ်တယ်။ ကြာပန်းစားသောက်ဆိုင်ကလူသိများတဲ့စားသောက်ဆိုင်တွေထဲကတစ်ခုဖြစ်ပြီးတော့ တစ်နိုင်ငံလုံးမှာလည်းဆိုင်ခွဲပေါင်းများစွာကိုလည်းဖွင့်လှစ်ထားသည်။
အခုသူအလုပ်လုပ်နေတဲ့ဆိုင်ကတော့ ပင်မဆိုင်ကြီးဖြစ်ပြီး ယန်လီကျဲကစီမံခွင့်ယူထားတာဖြစ်သည်။

သူအရင်အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီကဒေဝါလီခံသွားရပြီး သူအလုပ်မရှိတော့တဲ့နောက် ဒီစားသောက်ဆိုင်မှာ ယာယီအလုပ်လုပ်နေတာ။

"ဒါပေမယ့်လည်း မျက်နှာမှာအပြုံးအကြီးကြီးတစ်ခုရှိနေတုန်းဘဲမလား အားကျန့်ရဲ့"
ရှောင်းကျန့်ကိုတစ်ချိန်လုံးစောင့်ကြည့်နေတဲ့ယန်လီကျဲက သူ့စကားသံကြားတော့ သူ့ကိုပြုံးပြီးပြောသည်။

"ကျဲရဲ့ချစ်စရာကောင်းတဲ့ဒီမောင်လေးမှာပျော်စရာတစ်ခုခုများရှိနေသလား?"

"မနက်ဖြန်ကျရင် ကုမ္ပဏီကြီးတစ်ခုမှာလူတွေ့ဖြေရဖို့ရှိတယ်" ရှောင်းကျန့်ကသူ့ရဲ့ယုန်သွားကြီးကြီးတွေပေါ်အောင်ပြုံးရင်းပြောလေသည်။

"တကယ်??? Graphic designer ရာထူးကိုဘဲလျှောက်မှာလား အားကျန့်"

"‌ဒါပေါ့ ကျဲရဲ့ .. ကျွန်တော်က graphic designing ကိုအရမ်းကြိုက်တာကျဲသိတာဘဲလေ"

"သိတယ် သိတယ် ... အဲဒါကိုဘာလို့ကျဲကိုစောစောမပြောတာလဲ ကျန့်ကျန့်ရဲ့... နားရက်တစ်ရက်ယူပြီး အင်တာဗျူးအတွက်ပြင်ဆင်ဖို့လိုတယ်မဟုတ်ဘူးလား?"

"ကျွန်တော်အဆင်ပြေပါတယ် ကျဲရဲ့ ... အချိန်လည်းရသေးတယ် ... ပြီးတော့ interview ဖြေဖို့အတွက် email ရပြီးကတည်းက ကျွန်တော်လိုအပ်တာတွေကိုပြင်ဆင်‌ထားသေးတယ် "

ယန်လီကသူ့မောင်လေးအရမ်းပျော်နေတာကိုကြည့်ပြီးပြုံးလိုက်သည်။ရှောင်းကျန့်ကိုကြည့်လိုက်ရင် ဘယ်သူမဆို သူ့ကိုဂရုစိုက်ပြီးကာကွယ်ပေးဖို့လိုအပ်တယ်လို့ခံစားရ‌စေသည်။ဒါကြောင့်လည်း ယန်လီကရှောင်းကျန့်ကိုအမြဲတမ်းပိုပြီးချစ်ပေးပြီးပိုဂရုစိုက်ပေးဖြစ်သည်။

The Only One For Me (Myanmar Translation)Where stories live. Discover now