Chapter (30)

152 17 1
                                    

အနည်းငယ်နောက်ကျနေပြီဖြစ်သည်။
ရုတ်တရက်ဘဲသူ့အရှေ့ကိုအရပ်မြင့်မြင့်ကြွက်သားအပြည့်နဲ့လူလာရပ်တုန်းက Wei daxun အိမ်ပြန်တဲ့လမ်းမှာဖြစ်သည်။

"Wei Daxun လူကြီးမင်းလားမသိဘူး?" အဲဒီလူကမေးလိုက်သည်။

"ဟုတ်... ဟုတ်ပါတယ်... ဘာ.. ဘာလိုချင်လို့လဲ?"
အဲဒီလူက မာဖီးယားခေါင်းဆောင်လွှတ်လိုက်တယ်လူဖြစ်နေမလားဆိုပြီး သူစကားတွေထစ်ကုန်သည်။

"ကျွန်တော်နဲ့အတူပူးပေါင်းပြီး ကျွန်တော့နောက်လိုက်ခဲ့ပါ..ကျွန်တော်တို့သူဌေးကခင်ဗျားကိုတွေ့ချင်နေတယ်"

"ဘယ်..ဘယ်သူလဲမင်းသူဌေးက?"
Daxun ကအနောက်ကိုဖြည်းဖြည်းဆုတ်ပြီး တတ်နိုင်သမျှမြန်မြန်ထွက်ပြေးဖို့ပြင်သည်။

"ထွက်ပြေးဖြိုကြိုးစားလည်းအသုံးမ၀င်ဘူးနော်..အဲ့ဒီတော့ငါတို့နောက်ကိုအေးဆေးလေးလိုက်ခဲ့..သူဌေးကမင်းအကြွေးတွေဆပ်တဲ့နေရာမှာကူညီနိုင်လာက်မယ့် အခွင့်အရေးတစ်ခုမင်းကိုပေးမလို့"

'သူကငါ့အကြွေးတွေကိုဘယ်လိုသိနေတာလဲ?အဲဒီသူဌေးကဘယ်သူလဲ?ဘာလို့ငါ့အကြွေးတွေကိုသူကကူပြီးဖြေရှင်းပေးမှာလဲ?'

"အနည်းဆုံးတော့...မင်းတို့သူဌေးကဘယ်သူလဲဆိုတာပြောကွာ?"
Daxun အနေနဲ့ သူတွေ့ရမယ့်သူကဘယ်သူလဲဆိုတာလောက်တော့သူသိရမှဖြစ်မည်။

"တချို့လိုမာဖီးယားဂိုဏ်းတို့ယာကုဇာဂိုဏ်းတိုကလိုမဟုတ်ဘဲ ကုမ္ပဏီကြီးကြီးတစ်ခုရဲ့သူ‌ဌေးလို့သိထားရင်ရပြီ"

"ကောင်းပြီလေ..သူနဲ့တွေ့ရင်ငါဘာမှတော့မဖြစ်ဘူးမလား?"

"သေချာတာပေါ့" Daxun ကအဲဒီလူနောက်ကိုလိုက်သွားပြီး တံခါးဖွင့်ပေးတော့ ကားထဲ၀င်လိုက်တော့သည်။

"ငါတို့ဘာလို့ဒီမှာတွေ့ကြမှာလဲ?"
ထိုလူကသူ့ကိုအကောင်းစား hotel တစ်ခုဆီခေါ်သွားတော့ Daxun ထူးဆန်းသွားသည်။

"ငါတို့သူဌေးကမင်းကိုလူတွေကြားထဲတွေ့မယ်လို့မင်းထင်နေတာလား? သူ့မှာထိန်းသိမ်းရမယ့်ဂုဏ်သိက္ခာဆိုတာရှိတယ်ကွ"
Daxun မျက်ခုံးတွေကျဉ်းမြောင်းသွားသည်။
'ငါနဲ့သာမန်နေရာမှာတွေ့တာကသူ့အတွက်ရှက်စရာကောင်းနေလို့လား?'

The Only One For Me (Myanmar Translation)Where stories live. Discover now