Chapter (3) (Zawgyi)

190 8 3
                                    

ရှောင်းကျန့်တစ်ယောက်အသက်ကိုပြင်းပြင်းရှူရင်း Dariel Studio ကိုရောက်လာခဲ့သည်။
ကုမ္ပဏီအဆောက်အဦးထဲလျင်လျင်မြန်မြန်ပြေးဝင်သွားခဲ့ပြီး ကုမ္ပဏီအထဲမှာရှိတဲ့ကောင်တာဆီကိုသွားလိုက်တယ်။

"Hello ကျွန်တော်ကရှောင်းကျန့်ပါ ... ဒီမနက်အင်တာဗျူးဖြေဖို့လာတာပါ"

"ကျေးဇူးပြုပြီးခဏလောက်စောင့်ပေးနိုင်မလားရှင်?"
ကောင်တာကအမျိုးသမီးကသူ့ကိုပြောပြီး ဖုန်းခေါ်လိုက်သည်။

"အားနာပါတယ် Mr Xiao Zhan .. ကုမ္ပဏီဒါရိုက်တာကပြောပါတယ် လူကြီးမင်းရဲ့အင်တာဗျူးကို cancel လိုက်ပါပြီတဲ့"

"Cancel လိုက်တယ် .. ဘာလို့လဲ"
ရှောင်းကျန့်သူ့ခြေထောက်တွေထုံကျင်လာတယ်လို့ခံစားလာရသည်။

"ဒါရိုက်တာကအချိန်တိကျတဲ့သူမျိုးကိုလိုချင်တာပါတဲ့ .... အင်တာဗျူးကိုတောင်နောက်ကျပြီးလာတဲ့သူမျိုးကိုသူမလိုချင်ဘူးလို့ပြောပါတယ်"

"ဒါပေမယ့် .... ကျွန်တော်လည်းနောက်မကျချင်ပါဘူး ... ကိစ္စတချို့ဖြစ်ခဲ့လို့ပါ"
သူ့အသံတွေတုန်နေလို့ ရှောင်းကျန့်စကားကိုတဆက်တည်းတောင်မပြောနိုင်တော့ဘူး ...။

"တောင်းပန်ပါတယ် Mr ရှောင်းကျန့် ... ကျွန်မကအထက်ကပြောတဲ့အတိုင်းလိုက်လုပ်ရလို့ပါ" အမျိုးသမီးကသူ့ကိုတောင်းပန်တဲ့လေသံလေးနဲ့ပြောလေသည်။

ကုမ္ပဏီကနေထွက်လာတဲ့ရှောင်းကျန့်ခြေလှမ်းတွေကလေးပင်နေသည်။
ခေါင်းကိုအောက်ငုံ့လို့ သူ့မျက်ရည်တွေကိုသိမ်းဆည်းနေလေသည်။

ဒီအင်တာဗျူးဖြေဖို့အတွက် email ရပြီးကတည်းက ညတိုင်းသူပြင်ဆင်ခဲ့ရတာ ... ဒီအလုပ်ရဖို့ကိုလည်းသူတကယ်မျှော်လင့်ခဲ့ရတာ  ... ဒါပေမယ့် အခုတော့ သူ အင်တာဗျူးတောင်သွားမဖြေလိုက်ရဘူး .... အင်တာဗျူးဖြေတဲ့နေရာဆီကိုခြေမချလိုက်ရပါဘဲ သူကအရည်အချင်းမရှိတဲ့သူတစ်ယောက်ဖြစ်သွားခဲ့ရပြီ။

သူကျန်းမိသားစုကိုထပ်ပြီးဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တော့ဘူး ... အဲဒီမှာနေရတာ သူမပျော်လို့မဟုတ်ပါဘူး ... သူအချစ်ခံရတယ် သူ့ကိုဝိုင်းပြီးချစ်ပေးကြတယ် ... သူကလည်း ကျန်းမိသားစုဝင်တွေကိုတကယ်ချစ်ပါသည် ... ဒါပေမယ့် ဒီမိသားစုဝင်တွေကိုဒုက္ခမပေးဘဲ သူ့ကိုယ်ပိုင်ဘ၀လေးနဲ့နေချင်သည်။

The Only One For Me (Myanmar Translation)Where stories live. Discover now