Chapter (28)

175 17 0
                                    

"သူ့အနောက်လိုက်ပြီး သူဘယ်သွားသွားငါ့ကိုသတင်းပို့ပေး..တစ်ခုမှမလွတ်စေနဲ့.. ဘယ်လိုအမှားအယွင်းမျိုးကိုမှငါသည်းခံမှာမဟုတ်ဘူး"

ယွီချန်အဖမ်းခံလိုက်ရတော့ စီစဉ်ထားတာတွေကလုံး၀ပျက်စီးသွားခဲ့ပြီမို့ ဟဲဖုန်က ရှောင်းကျန့်ကိုသူကိုယ်တိုင်ကိုင်တွယ်ဖို့ဆုံးဖြတ်လိုက်သည်။ရှောင်းကျန့်သွားတဲ့နောက်ကိုလိုက်ဖို့သူ့လူတွေကိုလွှတ်ထားသည်။ လျှို့ဝှက်ချက်တွေဘာဆက်ရှိသေးလဲဆိုတာသူရှာတွေ့ဖို့ဖြစ်သည်။

သူ့အစီအစဉ်အောင်မြင်ဖို့ဆိုရင် သူသည်းခံဖို့လိုအပ်သလို ဂရုစိုက်ရမယ့်အဆင့်တွေလည်းရှိပါသည်။ဘယ်အရာကိုမှသူအလောတကြီးမလုပ်သင့်ဘူး..ယွီချန်လိုမျိုး သူအဆုံးမသတ်နိုင်ပါ။

------------

လေဆိပ်မှာ ရှောင်းကျန့် ချူးယွဲ့ရောက်လာမှာကိုစောင့်နေသည်။လေဆိပ်တစ်ခွင်ပြဲပြဲစင်စင်အောင်သွားမရတာမို့ waiting room မှာဘဲသူငြိမ်ငြိမ်လေးထိုင်စောင့်နေသည်။fan တွေကသူ့အနောက်တောက်လျှောက်လိုက်နေတာ သူ့အတွက် privacy space ပေးရင်ကိစ္စမရှိပေမယ့် သူ့ပရိတ်သတ်တွေကအဲ့လိုပေးခဲ့...

"လေယာဉ်ဆင်းပြီ ငါအခုပစ္စည်းစောင့်နေတယ်"
ချူးယွဲ့ဆီကနေရှောင်းကျန့်စာတိုတစ်စောင်ရခဲ့သည်။
Bodyguard နှစ်ယောက်နဲ့အတူ ရှောင်းကျန့် waiting room ထဲကထွက်လာပြီး ပစ္စည်းစောင့်တဲ့နေရာကိုသွားလိုက်သည်။ချူးယွဲ့ကိုခပ်လှမ်းလှမ်းကမြင်လိုက်ရကတည်းက သူတရှိန်ထိုးပြေးဖက်လိုက်တော့သည်။

"ရှောင်းကျန့်.. လွမ်းနေတာ!!!"
ရှောင်းကျန့်ကိုဖက်ရင်း ချူးယွဲ့ကပြန်ပြောသည်။

"ငါလည်းလွမ်းနေတာ"
သူတို့မတွေ့ရတာနှစ်တွေအများကြီးကြာနေပြီမို့ သူ့ရဲ့အကောင်းဆုံးသူငယ်ချင်းနဲ့ပြန်တွေ့ရတာကိုရှောင်းကျန့်တကယ်ဘဲပျော်နေသည်။
သူ့ fan တွေဒါကိုမြင်ပြီး ဓာတ်ပုံ videos ရိုက်နေမှာသူသိပါသည်။ ချူးယွဲ့ သူ့ lagguge ရတာနဲ့ ရှောင်းကျန့်သူ့ကိုကားဆီဆွဲခေါ်သွားသည်။
ကားထဲရောက်တော့မှ သူတို့အသက်၀၀ရှူနိုင်တော့သည်။

"ဟူး.. နာမည်ကြီးတဲ့လူနဲ့သူငယ်ချင်းဖြစ်ရတာ ခက်ခဲလိုက်တာ"
အိမ်ပြန်တဲ့လမ်းမှာ ချူးယွဲ့ကရှောင်းကျန့်ကိုစတော့ ရှောင်းကျန့်ကပြန်ပြီးစိုက်လို့ကြည့်သည်။

The Only One For Me (Myanmar Translation)Where stories live. Discover now