[1]

1.4K 75 12
                                    

[Zawgyi]

မှောင်မိုက်တဲ့ညမှာ
လင်းလက်နေတဲ့ မိုးချိန်းသံတွေနဲ့အတူ
ကောင်းကင်ကနေ ဆင်းသက် လာတဲ့
မိုးစက်လေးတွေက ပတ်ဝန်းကျင်ကို ဆူညံ
စေပြီး လူတိုင်းကို အအေး
ဓာတ်လွှမ်းခြုံအောင် ရွာသွန်းပေးနေသည်။

မိုးရေစက်လေးတွေက အေးချမ်းအာင်
ဘယ်လောက်ပဲ ပေးနိုင်ပါစေ ဂျုံအင့်ရဲ့
ရင်ဘတ်ထဲက တောက်
လောင်နေတဲ့ အပူမီးကိုတော့ ငြိမ်းသက်စေမှာ
မဟုတ်ဘူး။

ညဥ့်နက်နေပြီဖြစ်တာကြောင့် တစ်အိမ်လုံး
အလုပ်သမားအပါအဝင် ဂျုံအင့်ရဲ့ မိသားစု
တွေရော အိပ်မောကြနေပေမဲ့
အိပ်မပျော် နိုင်ပဲ ရှိနေတဲ့သူက ဂျုံအင်တစ်
ယောက်ထဲ။

ဒီအိမ်ကြီးကို ပြန်ရောက်တာ ဒီနေ့နဲ့ဆို နှစ်
ရက်ရှိခဲ့ပြီ။
Uni တက်ထဲက မောင်နဲ့ တူတူနေခဲ့တဲ့ ကွန်ဒို
ကို စွန့်ခွာပြီးတဲ့နှစ်ရက်တာအချိန် ။

တကယ်တော့ ဂျုံအင်က စွန့်ခွာခဲ့တာ
မဟုတ်ပါဘူး။
မောင်က သူ့ကိုစွန့်ပစ်ခဲ့တာ။

ငယ်ငယ်လေးထဲက ရင်းနှီးခဲ့တဲ့ သံယောဇဉ်
ကိုမှ မထောက်။

တစ်အိမ်လုံးအမှောင်ချထားတာကြောင့် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ဒူးနှစ်ဖက်ထောင်ကာ
ကျုံ့ကျုံ့လေး ထိုင်နေတဲ့ ဂျုံအင့်ကို တွေ့ရမှာမဟုတ်ဘူး။

အဲ့ဒီအစား ဆိုဖာရှေ့က ခုံမှာတင်ထားတဲ့
ပူနွေးနေတဲ့ ကော်ဖီခွက်က ထွက်လာတဲ့ အငွေ့ဓာတျ
တွေကိုပဲ အရင်မြင်ရမှာဖြစ်တယ်။

လျှပ်စီးလက်တဲ့အခါဖြစ်ပေါ်လာတဲ့ အပြင်က
အလင်းတန်းနဲ့ဆိုရင်တော့ ဂျုံအင့်ကို တွေ့
မြင်ကောင်း တွေ့မြင်ရပါလိမ့်မယ်။

ဂျုံအင့်မိဘတွေက ငယ်ငယ်ထဲက ဘယ်
လောက်ပဲ တစ်ယောက်အိမ်တစ်ယောက်
ဝင်ထွက်နေပါစေ ယောကျာ်းလေးအချင်း
ချင်းမို့ ချစ်သူဖြစ်ဖို့ သ​ဘောမတူဘူးလို့
ပြောသည့်ကြားက မောင်က
ဂျုံအင်နဲ့ ချစ်သူဖြစ်ရဖို့ အိမ်ရှေ့မှာ သုံးရက်
တိုင်တိုင်ဒူးထောက်ခဲ့ပြီး ဘယ်တော့မှ ထားမသွားပါဘူးဆိုတဲ့ ကတိတွေကို အထပ်ထပ်
ပေးခဲ့သည်။

𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //Where stories live. Discover now