[ Zawgyi ]
" လက်ထပ်ပွဲရက်သတ်မှတ်ပြီးရင် ဖုန်းလှမ်း
ဆက်ပြောလို့ရတယ် "ကိုယ့်လက်ထပ်ပွဲမဟုတ်သလို အရေးမစိုက်ပဲ
ပေါ့ပေါ့တန်တန်ပြောနေတဲ့ သူ့အရှေ့က
ခုံမှာ ဖုန်းထိုင်သုံးနေသည့် အနှီလူသားကိုကိုင်
ပေါက်ချင်စိတ်က တစ်ဖြည်းဖြည်း ကြီးထွား
လာနေပြီကို ချန်းယောလ် ကိုယ်ကိုယ်တိုင်
သာ သိသည်။လက်ထပ်လက်စွပ်သွားရွေးတုန်းကလည်း
အလေးအနက်မထားဟန်နဲ့ အချိန်ကျော်မှ
ရောက်လာသလို အလုပ်များနေသည့်ကြားမှ အချိန်သပ်သပ်ဖဲ့ပေးထားရသည့် ချန်းယောလ်
ကို သူ့အမှားမရှိခဲ့သည့်အလား မတောင်းပန်
သည့်အပြင် လက်စွပ်ရွေးပြီးတာနဲ့ အစရှာမရ
အောင် ချက်ချင်းပျောက်သွားသည်ကြောင့်
လက်ထပ်ပွဲမှာ သတို့သားနှစ်ယောက်လုံးဟာ မိမိကိုယ်တိုင်သာဖြစ်သည်ဟုတောင်
ချန်းယောလ် ထင်လိုက်မိသည်။လက်ထပ်ပွဲကို ခမ်းခမ်းနားနားနဲ့
ဖြစ်မြောက်စေချင်သည့် မေမေ့မျက်နှာကို ခဏခဏမြင်ယောင်မိတာမို့ အတွင်းရေးမှူးကိုတောင်မခိုင်းပဲအသေးစိတ်ကအစ
ကိုယ်တိုင်ကိုယ်ကျ စိတ်ဝင်တစားလုပ်နေခဲ့
ပေမဲ့ တစ်ဖက်ကတော့ သူ့လက်ထပ်ပွဲ
မဟုတ်သည့်အလား ဖုန်းဆက်ခေါ်ရင်တောင်
အချိန်မှန်မှန်မလာနိုင် ၊ စိတ်ပါမဝင်စားပေ။ဒီလောက်တောင် မျက်စိစပါးမွှေးစူးစရာ
ကောင်းလောက်အောင် ထောင့်မကျိုးသည့်
ထိုကောင်လေးကို မေမေက ချစ်မွှေးလေးပါသည်ဆိုပြီးခဏခဏ အမွှေးတင်ကာပြော
နေသေးသည်။ရှေ့တစ်မျိုး ၊ ကွယ်ရာတစ်မျိုး အမူအရာနဲ့
ရုပ်ပြောင်းရုပ်လွှဲလုပ်နိုင်သည့်
ပလောင်းပလဲကောင်လေး။အခုလက်ရှိကိစ္စတွေမှာတော့ ချန်းယောလ်
မသိချင်ယောင်ဆောင်ပေးလိုက်လို့ရပေမဲ့
လက်ထပ်ပြီးတဲ့အချိန်ထိ အချိုးပြေမလာခဲ့ရင်
တော့ မျက်နှာလွှဲပစ်ဖို့အဆင်ပြေတော့မှာ
မဟုတ်သလို သည်းခံပေးနိုင်မှာမဟုတ်တော့
သည့် ကိုယ့်အကြောင်းကို သိတာမို့
ဘတ်ဟျွန်းဆိုသည့် ကောင်လေးနဲ့လည်း ခဏခဏစကားများမိမယ်ထင်သည်။
![](https://img.wattpad.com/cover/289012717-288-k956625.jpg)
YOU ARE READING
𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //
Fanfiction𝘑𝘶𝘴𝘵 𝘭𝘪𝘬𝘦 𝘢 𝘣𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 𝘐'𝘮 𝘴𝘰𝘳𝘳𝘺 𝘩𝘰𝘯𝘦𝘺... Cover by @byunasunapark00