[Zawgyi]
မနက်၉နာရီမှ လပ်စ်ဗီးဂတ်စ်ကနေ စတင်
ထွက်ခွာလာပြီး ၁၀နာရီ ၂၅မိနစ်အကြာ
လှေယာဉ်ပျံသန်းမှု အပြီးမှာ ည ၇နာရီအချိန်
ဆိုသည့် နေဝင်ပြီး ညပိုင်းအချိန်မှာ ဆိုးလ်
မြို့ရဲ့ အင်ချွန်းလေဆိပ်ဝင်းမှာ
ဂျုံအင်တို့ လေယာဉ်ဟာ စတင်ဆိုက်
ရောက်ခဲ့သည် ။မွေးရပ်မြေနဲ့ ဘယ်လောက်မှ မခွဲခွာရသေး
ပေမဲ့ လေယာဉ်ပေါ်ကအဆင်းမှာ အေးမြတဲ့ လေပြေက တစ်ချက်ဖြတ်တိုက်ခတ်သွားတာ
ကြောင့် နွေးထွေးမှုနဲ့ ကိုယ့်နိုင်ငံကို လွမ်း
ဆွတ်တဲ့စိတ်က အလိုအလျှောက်ပေါ်လာတာ
မို့ ဒါဟာ နိုင်ငံခြားမှာနေတဲ့ သူတွေ အမိ
မြေကို ပြန်လာရင် အရမ်းပျော်တယ်ဆိုတာ
ဘာကြောင့်လဲဆိုတာ ယခု ဒီနေရာ ဒီအခြေ
အနေရောက်တော့မှ ဂျုံအင် ထစ်ထစ်ချနား
လည်သွားတော့သည် ။လေယာဉ်နားထိ ကားလာကြိုတာမို့ ကားပေါ်
ကို မဝင်ခင် လေဆိပ်အဆောက်အဦးထဲမှာ
လူတွေ အုတ်အုတ်ကျက်ကျက်ဖြစ်တာကို
တစ်ခါမျှ မတွေ့ဖူးလို့ ဂျုံအင်တစ်ချက်သာ
လှမ်းကြည့်လိုက်ပြီး အကြည့်လွှဲလိုက်သည် ။လေယာဉ်ပေါ်မှာလည်း တစ်လမ်းလုံး
အိပ်လာခဲ့သည်ကြောင့် ဂျုံအင် ခေါင်းလည်း
နောက်နေကာ လာကြိုတဲ့ကားပေါ်ကိုသာ
တန်းတန်းမတ်မတ်ဝင်ထိုင်လိုက်သည် ။ကိုကိုကတော့ အပြင်မှာခဏကျန်ခဲ့ကာ သူများ လေယာဉ်နဲ့လိုက်ပါလာတဲ့ တစ်ယောက်
သောဧည့်သည်တော်ကြီးနဲ့ စကားပြောနေပါ
သည် ။တံခါးခြောက်ပေါက်ပါရှိတဲ့ဇိမ်ခံကားအရှည်
မို့ ကားထဲမှာ ဘားတန်းရော ဖုန်းသုံးရင်
အဆင်ပြေစေတဲ့ လက်တင်သည့်
သည့်နေရာလည်းပါရှိတာမို့ ဘေးက
လက်တန်းကို ကားကိုယ်ထဲက ဆွဲထုတ်လိုက်
ကာ တံတောင်နဲ့ထောက်
ထားပြီး မှောက်ထားသည့် လက်ဖမိုးပေါ်
ခေါင်းကို အသာစောင်းတင်လိုက်ကာ မျက်စိ
မှိတ်ပြီး ခဏထပ်မှေးလိုက်သည် ။ဘေးအိတ်ကပ်ကို စမ်းကြည့်တော့ စက်ပိတ်
ထားမိတဲ့ ဖုန်းက အတိုင်းသား ။" ခရီးပန်းနေလို့လား Nini "
ကားထဲကို ဝင်လာသည့်ကိုကိုက သူ့နဖူးကို
လက်ဖဝါးဖြင့် စမ်းကာမေးသည် ။
ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့ကိုဂရုတစိုက်ကြည့်
နေတက်တဲ့ ကိုကို ။
YOU ARE READING
𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //
Fanfiction𝘑𝘶𝘴𝘵 𝘭𝘪𝘬𝘦 𝘢 𝘣𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 𝘐'𝘮 𝘴𝘰𝘳𝘳𝘺 𝘩𝘰𝘯𝘦𝘺... Cover by @byunasunapark00