[ Zawgyi ]
မှိတ်တုတ်မှိတ်တုတ်မီးရောင်တွေနဲ့ မြူးကြွနေတဲ့
DJ သံကိုလိုက်ပြီး စီးချက်ညီစွာပေါ်ထွက်
နေတဲ့ Beat သံရဲ့ အောက်မှာ ခန္ဓာကိုယ်လှည့်
ပတ်လှုပ်ရှားလိုက်တိုင်း မဲနယ်ပြာရောင်
ဆံနွယ်လေးတွေက လေထဲမှာ ဝဲနေကာ
လွတ်လွတ်လပ်လပ်နဲ့ အတားအဆီးမဲ့
လှပစွာ ကခုန်နေသည့် ကောင်ငယ်လေးတစ်
ယောက်က အဝေးကနေကြည့်ရင်တောင်မှ
သူ့လိုပင် ကခုန်နေကြသည့် လူပေါင်းများစွာထဲမှာ သီးသန့်အရာတစ်ခုလို ထင်းထွက်
နေသည်။လက်ထဲမှာလည်း အရက်ခွက်တစ်ခွက်ကို လက်ချောင်းလေးနှစ်ဖက်ကြားမှာ ညှပ်ကာ
ကိုင်ထားပြီး ကိုယ်ကို လှည့်ကာ ၊စောင်းကာ ၊
ခြေထောက်တွေကို ကွေးကာ လှုပ်ရှားစေပြီး သီချင်းသံတွေနဲ့ ဆူညံနေသည့်
dancing floor အလယ်တည့်တည်မှာ
ဖန်ခွက် ကိုင်ထားသည့်လက်ကို တစ်ခြားသူ
တွေနဲ့မတိုက်မိအောင်လည်း ပေါ့ပါးစွာရှောင်
ရှားသေးသည်။လမိုက်ညရဲ့ အနီရောင်နတ်သားငယ်လို့ထင်
မှတ်ရအောင် dancing floor တစ်ခုလုံး
မီးရောင်စုံတွေသာ ကြီးစိုးနေတဲ့နေရာမှာ
ထိုကောင်ငယ်လေးက အနီရောင် ရှပ်အကျီအပွကို လက်ကြယ်သီးဖြုတ်ပြီး ပွပွရရ
ဝတ်ဆင်ထားသလို အကျီရဲ့ပင်တိုင်
ကြယ်သီးတွေဖြစ်တဲ့ ရှေ့ကြယ်သီး သုံးလုံးကိုလည်း ဖြုတ်ထားကာ ဆွဲဆောင်မှုရှိတဲ့
ရင်ဘတ်အပေါ်ပိုင်းကိုလည်း ပေါ်ပေါ်လွင်
လွင် လစ်ဟာပြထားပြီး ဖန်ခွက်ကို မြှောက်ကာ
မော့သောက်လိုက်တိုင်း ထင်ထင်ရှားရှား
မြင်ရတဲ့ Adam's apple က ယစ်မူးချင်စရာ။အရှေ့ဘကျက အကျီစအနည်းငယ်ကိုတော့
ဝတ်ထားတဲ့ ဘောင်းဘီအနက်ရောင်အတွင်းထဲကိုထည့်သိမ်းထားကာ နောက်ကျောဘက်က
အကျီစကိုတော့ ဘောင်းဘီထဲထည့်မသိမ်းထားပဲ အကျီရဲ့နဂိုအရှည်အတိုင်း တင်ပါးဖုံးသည့် နေရာအထိ ချထားပြီး ထိုကောင်လေး
ရဲ့ တစ်ခြားသူတွေနဲ့မတူတဲ့ ညိုညက်ညက်
အသားရောင်နဲ့ အနီရောင်ဘက်သမ်းနေတဲ့
နှုတ်ခမ်းဖူးတွေက မြင်သူတိုင်းကို လောဘ
တက်ချင်စရာအတိ ။လူအများကြားထဲမှာ ထင်းနေတာမို့ အတူတူ
တွဲကကြဖို့ တစ်ယောက်ပြီးတစ်ယောက်
အဖော်ခေါ်နေသော်လည်း အကုန်လုံးကို ငြင်း
လွှတ်နေပုံရကာ သူ့လက်ချောင်းလေးကြားက အရက်ထည့်ထားသည့် ဖန်ခွက်ထဲမှာပဲ အာရုံထည့်ထားသည့် ထိုကောင်လေး ။
YOU ARE READING
𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //
Fanfiction𝘑𝘶𝘴𝘵 𝘭𝘪𝘬𝘦 𝘢 𝘣𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 𝘐'𝘮 𝘴𝘰𝘳𝘳𝘺 𝘩𝘰𝘯𝘦𝘺... Cover by @byunasunapark00