[23]

351 42 24
                                    

[ Zawgyi ]

ကောင်းကင်တစ်ခုလုံး ​မှောင်မိုက်ကာ
နေ့စဉ်ရက်ဆက် ရွာသွန်းနေတဲ့မိုးဟာ...
မြေကမ္ဘာကို အညိုးကြီးစွာ ရွာသွန်းနေ
သည်လားတောင် ထင်ရသည်။

နေ့လည်နေ့ခင်းဖြစ်သည့်တိုင် ကောင်းကင်
ပြာနေရာမှာ မည်းမှောင်သော တိမ်တိုက်တွေက အစားထိုးတည်ရှိနေသည်...။

သစ်ပင် ၊ သစ်ခက်များမှာလည်း လေပြင်း
၏တိုက်ခတ်မှုကြောင့် ဝဲယာမှယာ ၊ ယာမှဝဲသို့
ယိမ်းယိုင်ကာ နေကြသည်။

တစ်ခုသော အိမ်တော်ရဲ့အခန်းထဲဝယ်...
ကောင်လေးတစ်ယောက်ရဲ့ ပျော်ရွှင်မြူးထူး
နေတဲ့စကားသံဟာ မိုးသံတွေကြားထဲကနေ
ပေါ်ထွက်နေသည် ။

အေးစက်နေသည့် အခန်းက ယခုအခါမှာ
တော့ နွေးနေသယောင်..။

ထိုကောင်လေး၏ ပျော်ရွှင်စွာစကားပြောနေ
ပုံသည် တစ်ဝုန်းဝုန်းရွာကျနေတဲ့ မိုးရွာသံ
တွေကိုပင် သတိမထားမိ၊ မကြားနိုင်လောက်
တဲ့အထိ ဖြစ်သည် ။

လိုအပ်နေတဲ့အချိန်မှာ ပေါ်လာပေးတဲ့
အဖိုးတန်ပျောက်ဆုံးပစ္စည်းလိုမျိုး...။

ချစ်ရသူကိုမြင်ရလို့ နှုတ်ခမ်းလွှာကနေ
ပေါ်ထွက်လာတဲ့အပြုံးက ဘယ်အရာတွေထပ်
ပိုပြီး လှပနိုင်ဦးမှာလဲ...။

" မောင့်ဆီလိုက်လာတာလား ငယ် "

သူ့မျက်စိရှေ့မှာ မြင်နေရသည့်သူကို
မယုံကြည်နိုင်စွာဖြင့် နှုတ်ကနေထုတ်မေးမိ
သည်။

ရက်ပေါင်းများစွာ အိပ်ရေးပျက်ခဲ့တဲ့
လူလို မျက်တွင်းချိုင့်ကာ မျက်ကွင်းညိုနေ
ပေမဲ့လည်း ယခုအချိန်မှာတော့ မျက်ဝန်းများ
သည် ကြယ်ရောင်လေးလို တလက်လက်
တောက်ပကာ ဝိုင်းစက်နေသည် ။

"....."

" ငယ်... မောင့်ကိုမထားခဲ့ပါနဲ့နော် ၊
မောင့်ရဲ့ငယ်က အခုလိုမောင့်ဆီလာတော့
မောင်ပျော်တယ်သိလား ငယ် ။ "

"....."

" အင်းး မောင်မှားပါတယ်...
တောင်းပန်ပါတယ်နော် ကလေးလေး "

"....."

" ငယ်ချစ်မှန်းသိလို့ မောင်ဆိုးနေမိတာ ၊
မောင် နောက်ထပ်ဘယ်တော့မှ ငယ့်ကိုတစ်
ယောက်တည်း မထားခဲ့ဘူးနော် "

𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //Where stories live. Discover now