[ Zawgyi ]
စိတ်ပိုင်းဖြတ်ပြီးတဲ့နောက်ပိုင်း
ရှေ့ဆက်သွားရတဲ့ နေ့ရက်တွေိက ပေါ့ပါးမှုတွေနဲ့ ဂျုံအင့်စိတ်ကို အတန်ငယ်အေးချမ်း
စေခဲ့တယ်။
ပုံမှန်သွားလာလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာ သူကလည်း အလိုက်အထိုက်နဲ့ လုပ်စရာရှိ
တာတွေကို နေ့ရက်တိုင်း ထပ်တူကျစွာ
လုပ်ဆောင်ပြီး ဖြတ်သန်းခဲ့တယ်။မတူညီတာတစ်ခုကတော့ အရင်က ဂျုံအင်
မဟုတ်တော့ပဲ ။
အရင်လို စိတ်ညစ်စရာတွေကိုတွေးနေပြီး
စိုးရိမ်နေတက်တဲ့သူ ၊ အားငယ်နေတက်တဲ့
သူ ဆိုတာပျောက်ကွယ်သွားခဲ့ပြီ ။နေရောင်ခြည်က အခန်းထဲက သဲ့သဲ့လေး
ဝင်ရောက်လာတာနဲ့ ဂျုံအင့်တစ်နေ့တာရဲ့
မနက်ခင်းဟာ ငှက်ကလေးတွေရဲ့ အသံလေးတွေ
နဲ့အတူ နိုးထလာခဲ့ပြီ ။
အရင်တုန်းက တစ်ယောက်ထဲဆိုပေမဲ့
အခုကတော့ အိမ်မှာသောင်တင်နေတဲ့ သုံး
ယောက်ကြောင့် တစ်ယောက်ထဲဖြစ်မနေပါ။မျက်လုံးကို ဖွင့်ပြီး ကုတင်ထက်မှထထိုင်ကာ
လက်နှစ်ဖက်ကို လေပေါ်မြှောက်ကာ ဆန့်တန်းပြီး ငါးမိနစ်လောက် အပျင်းပြေ လှုပ်ရှားလိုက်
သေးသည်။အကြောဆန့်ပြီးတဲ့အချိန်ကြမှ ကုတင်ပေါ်
ကဆင်းကာ ဝရန်တာနဲ့အိပ်ခန်းကိုကာဆီးထားတဲ့ မှန်အပြည့်တပ်ဆင်ထားတဲ့ မှန်နံရံရှေ့က
အဝါရောင်ပိတ်စလိုက်ကာကို ဘေးသို့ဆွဲယူ
လိုက်ပြီး အခန်းအတွင်းကို နေရောင်ခြည်
ပြည့်ဝစွာဝင်ရောက်စေလိုက်သည် ။ထို့နောက် အဝတ်လဲခန်းထဲက ဗီရိုတစ်ခုထဲကနေ ဒီနေ့ဝတ်မည့်ဝတ်စုံနဲ့ Branded Accessories သီးသန့်ထည့်ထားတဲ့ အံ့ဆွဲထဲက အရောင်မတူတဲ့ Rolex နာရီတွေထဲက အကျီနဲ့လိုက်မဲ့ တစ်လုံးကို ရွေးထုတ်လိုက်ကာ ကုတင်ပေါ်မှာ တင်လိုက်သည်။
ပြီးတာနဲ့ ကုတင်ဘေးက စားပွဲပေါ်မှာ တင်
ထားသည့် ပါဝါပိတ်ထားတဲ့ ဖုန်းကိုယူကာ လက်
ဖြင့်နှစ်ချက်ထိလိုက်ရင်း ဖွင့်လိုက်ပြီး
မင်ဂျွန်းထံ နိုးပြီဆိုသည့်အကြောင်းနဲ့ တစ်
နာရီ အတွင်းထွက်လာတော့မည် ဆိုသည့်အကြောင်း sms ပို့လိုက်ပြီးမှ သဘတ်တစ်
ထည်ကို ခါးမှာပတ်ပြီး ရေချိုးခန်းထဲဝင်လာလိုက်သည်။
YOU ARE READING
𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //
Fanfiction𝘑𝘶𝘴𝘵 𝘭𝘪𝘬𝘦 𝘢 𝘣𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 𝘐'𝘮 𝘴𝘰𝘳𝘳𝘺 𝘩𝘰𝘯𝘦𝘺... Cover by @byunasunapark00