[Zawgyi]
' မောင် !! '
' မောင် ... ငယ့်ကို မထားခဲ့နဲ့ မောင် '
' မောင် !
မောင်ဘယ်ရောက်သွားတာလဲ ငယ့်ကို မ
နောက်ပါနဲ့ '' ငယ့်ကိုမငြီးငွေ့ပါနဲ့ မောင်ရယ်... '
' ငယ့်ကို ချစ်တယ်ဆို မောင်..
မထားခဲ့ဘူးဆို !! '' မောင် ! '
" Nini !! သတိထားစမ်း "
ပါးနုနုလေးကို လက်နဲ့အကြိမ်ကြိမ် ပုတ်
ပြီးနှိုးသော်လည်း နိုးမလာ ။" ဂျုံအင်နီး သတိထားဦး !!
ငယ်လေး သတိရလာလေ "ခါးကို ကိုင်ပြီး လှုပ်နိုးနေသော်လည်း နိုးမလာတဲ့ သူကြောင့် ချန်းယောလ် စိတ်တွေလောင်
မြိုက်လာပြီး ပူပန်လာရသည် ။မောင် လို့နောက်ဆုံးအကြိမ်ယောင်ယမ်းကာ
အော်ခေါ်ပြီး
ချွေးတွေပြန်ကာ ငြိမ်ကျသွားတဲ့သူကို ဘယ်
လိုလို နှိုးနှိုး အချည်းနှီးသာ ဖြစ်နေသည် ။မနက်၁နာရီ လူခြေတိတ်ပြီး လူတိုင်း အိပ်
မောကြနေတဲ့အချိန် ... တစ်
ဖက်အခန်းကနေ ဝူးဝူးဝါးဝါးနဲ့ အသံတွေ
ကျယ်လောင်စွာ ထွက်ပေါ်လာသည်ပြီး
ချန်းယောလ် အိပ်နေသည့် အခန်းထဲထိ အသံတွေ ပြန့်လွင့်လာသည်မို့ ချန်းယောလ် လန့်နိုးကာ အမြန်တစ်ဖက်အခန်းသို့ ပြေးလာ
ကြည့်ရသည် ။အခန်းတံခါးကို လက်ကိုင်ဘုကနေ လျှင်မြန်စွာ ကိုင်ပြီး လှည့်ဖွင့်လိုက်ပြီး အခန်းထဲက
အခြေအနေကို
တွေ့လိုက်ရတဲ့ အချိန်မှာတော့ သူ့ညီလေးရဲ့
ပါးပြင်ပေါ်မှာ မျက်ရည်ဥလေးတွေစီးကျနေကာ အိပ်နေရင်းနဲ့ပင် မောင် ဆိုတဲ့ နာမ်
စားကိုပဲ အကြိမ်ကြိမ်အော်ခေါ်နေသည် ။လက်တွေကပါ လေပေါ်မြှောက်ပြီး ဝူးဝူး
ဝါးဝါး အော်ခေါ်နေတာမို့ ချန်းယောလ်အမြန်
လက်တွေကို ချုပ်ကာ ပါးကို ပုတ်ပြီး နှိုးရ
တော့သည် ။ခေါင်းအုံးတစ်ခုလုံးလည်း မျက်ရည်တွေဖြင့်
စိုရွှဲနေကာ ငြိမ်ကျသွားသည့်တိုင် အဆက်
မပြတ် စီးကျနေဆဲ ။ကိုယ်တွေလည်း ပူကျစ်တောက်နေကာ
အပူခန်းထဲကနေ ထွက်လာသည့်သူအလား ။
YOU ARE READING
𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //
Fanfiction𝘑𝘶𝘴𝘵 𝘭𝘪𝘬𝘦 𝘢 𝘣𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 𝘐'𝘮 𝘴𝘰𝘳𝘳𝘺 𝘩𝘰𝘯𝘦𝘺... Cover by @byunasunapark00