[21]

292 48 11
                                    

[ Zawgyi ]

" ဝန်ထမ်းတွေကို ပွဲတော်ပိတ်ရက် တစ်ပတ်
ပေးသင့်တယ်လို့ HR ဌာနက အကြုံပြုထားပါတယ် CEO "

စာရင်းစာရွက်တစ်ချို့ကို လက်နဲ့ပိုက်ထား
ပြီး တစ်ချို့ကို ဆယ်ဟွန်းရှေ့တိုးပေးရင်း
စားပွဲအရှေ့မှာ မတ်တပ်ရပ်နေသည့် အတွင်း
ရေးမှူး စကားကြောင့် ဆယ်ဟွန်းခေါင်းတစ်
ချက် ညိတ်ပြလိုက်သည်။

" ဟိုတစ်လောက project အတွက်ဆုလည်း
မပေးရသေးဘူးမဟုတ်လား ။
တစ်ပတ်ပိတ်ပေးပြီး ပြည့်ပြည့်ဝဝ အနားယူခိုင်းလိုက် "

" ဟုတ် "

" ၿပီးၿပီမွတ္လား သြားလို့ရပြီ "

ခေါင်းကိုက်လာသဖြင့် မျက်လုံးတွေမှိတ်
လိုက်ပြီး ခေါင်းကို အပေါ်ကိုမော့လိုက်ကာ
ဆုံလည်ထိုင်ခုံမှာ မတ်မတ်ထိုင်နေရာကနေ
နောက်ကို ကျောမှီချလိုက်ပြီး သက်သောင့်သက်
သာ​အနေအထားရောက်မှ လက်ခါပြလိုက်ကာ
အတွင်းရေးမှုးကို
ရုံးခန်းထဲက ထွက်သွားစေလိုက်သည်။

တစ်မနက်လုံး စာရင်းစာရွက်တွေဆီကနေ အကြည့်မလွှဲခဲ့တာမို့ မျက်ရိုးတွေ
ကိုက်ရာကနေ​ခေါင်းကိုက်လာခြင်းဖြစ်မည်
ထင်သည်။

ဆယ်ဟွန်းရဲ့ ပုံစံမှာ မျက်လုံးမှိတ်ထားနေသည်
မှာတောင် မျက်ခုံးတွေက တွန့်ချိုးနေပြီး ခက်
ထန်သည့်အသွင်ကိုဆောင်နေဆဲဖြစ်သည်။

အေးစက်နေသည့်မျက်နှာထားကို အချိန်ပြည့်
ချိတ်ဆွဲထားပြီး လှုပ်ရှားနေတာကြောင့်
ဆယ်ဟွန်းဆီမှာ ဘာတွေဖြစ်ပေါ်ပြီး ဘယ်လို
ခံစားနေရတာလဲဆိုတာ မည်သူမျှမသိနိုင်ပါ။

ကိုယ်ကိုတိုင်တောင် ​ရေရေရာရာမသိတဲ့
အကြောင်းတစ်ခုခုကြောင့် တစ်ခါတစ်ရုံမှာ
မခံစားနိုင်လောက်အာင် နာကျင်နေရသည်
ကိုလည်း သူကိုယ်တိုင်သာသိပါလိမ့်မည်။

မျက်လူံးမှိတ်ထားရာကနေ အတွေးတွေပြန့်ကျဲလာကာ မစုစည်းနိုင်တော့ပဲ ကောင်းကင်က
တိမ်ဆိုင်တွေိလိုမျိုး အတားအဆီးမရှိ လွင့်
မြောနေရင်း ဂျုံအင့်ရဲ့ ငယ့်ဘဝပုံစံကို ဆယ်
ဟွန်း၏ အာရုံထဲမှာ ပြန်မြင်ယောင်လာ
သည်။

𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //Where stories live. Discover now