[14]

347 46 14
                                    

[Zawgyi]

Seoul ကိုပြန်ရောက်ပြီး နှစ်ပတ်အကြာ...
( လမ်းခွဲပြီး တစ်လနဲ့ နှစ်ပတ် )

နေ့စဉ်ဘဝက  လှုပ်ရှားသွားလာနေကြတဲ့ လူတွေကြားထဲမှာ ဂျုံအင်ကတော့ နည်းနည်း
ထူးခြားသွားသည် ။

အရင်က အလုပ်နဲ့ အိမ် ၊ အိမ် နဲ့အလုပ်ဆို
ပေမဲ့ အခုတော့ အိ်မ်နဲ့ အလုပ် ၊ အလုပ်နဲ့
သူ့စိတ်ကို ပေါ့ပါးစေတဲ့ နေရာ အဖြစ် လူစု
လူဝေးများပြီး စိတ်ကိုလွှတ်ချလို့ရနိုင်တဲ့
နေရာတိုင်းကို သူခြေဆန့်ခဲ့ပြီး နယ်မြေချဲ့လာခဲ့သည် ။

အလုပ္က ပြန်တဲ့အချိန်တိုင်း အိမ်ကိုတန်းပြန်
တက်ခဲ့ပေမဲ့ အခုဆို အလုပ်ကပြန်သည့်
အချိန်တိုင်း တစ်နေရာမဟုတ် တစ်နေရာကို အရင် ဝင်တက်သည် ။

အများဆုံး သွားလေ့ရှိသည့်နေရာကတော့
ဘား ပင်ဖြစ်သည် ။
အထက်တန်းလွှာတွေချည်းပဲ ရှိတဲ့ ဘားကို
သွားတက်သလို အလယ်အလတ်တန်းလူတွေ
ရှိတဲ့ ဘားကိုလည်း သွားတက်သည် ။

Daniel တို့နဲ့လည်း တစ်နေ့တစ်ခါ ပုံမှန်
ဖုန်းပြောဖြစ်ပြီး video call လည်း နှစ်ရက်
တစ်ခါလောက် စုပြီး ပြောကြသည် ။

အလည်လာမည်လို့သာ ပါးစပ်ကနေ တစ်
ကြော်ကြော်ပြောနေကြပေမဲ့ သူတို့အလုပ်က
ဖြတ်မရဘူးဆိုတာ သူတို့ကိုယ်တိုင်သာ သိ
သည် ။

မားမားကလည်း သူ့ကွန်ဒိုကို တစ်ပတ်မှာ
တစ်ရက်လောက်လာပြီး အရန်ဟင်းတွေချက်
လာပေးကာ ဂျုံအင်ကလည်း ပိတ်ရက်တွေ
ဆို စံအိမ်တော်ကြီးမှာ ပြန်အိပ်သည် ။

ကိုကိုကလည်း အိမ်ထောင်ဖက်မတွေ့ဘူးလို့
အတင်းငြင်းကာ အိမ်ကို ပြန်မလာပဲ နှစ်ရက်
လောက် ကုမ္ပဏီမှာပဲ ညအိပ်လို့ မားမားက
ဂျုံအင့်ကို အကူငှါးလို့ ဂျုံအင်ခမျှာ ကိုကို့ကို
ဖြောင်းဖြရသေးသည် ။

ကိုကို့ဆီသွားတုန်းက ဟိုနိုင်ငံခြားသားကြီးနဲ့
တောင် ဂျုံအင်ခဏခဏဆုံခဲ့ပါသေးသည် ။
ဒီတစ်ခါ​တော့ သူ့အပေါ်အမြင်မကြည်တာ
တွေ ဂျုံအင့်မှာမရှိတော့ပါ ။

ထိုနေ့ညမှာပင် IG မှာလာ follow ပေမဲ့
ဂျုံအင်နဲ့ သိပ်မရင်းနှီးသေးတာမို့ ပြန်ပြီး follow မလုပ်ခဲ့ပါ ။

𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //Where stories live. Discover now