[Zawgyi]
" MD က ဖုန်းမကိုင်ဘူး အကိုလေး ..."
ဘေးနားမှာ ညီးညီူးညူးညူပြောလာတဲ့ အကို့ရဲ့ အတွင်းရေးမှူးစကားကို နားထောင်
ရင်း ဂျုံအင်ပါ စိတ်ညစ်သွားရသည် ။"ဟုတ်လား... Hyung က အလုပ်များနေ
တယ်ထင်တယ် "ဂျုံအင့်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင်
ဆိုပြီး ဟိုတယ်ခန်းထဲကနေ နှင်ထုတ်ကာ
အပြင်ကို လျှောက်လည်ခိုင်းပြီး
အတင်းမရမက သူ့အတွင်းရေးမှူးကို ထည့်
ပေးလိုက်တဲ့ အကိုဖြစ်သူကြောင့် ဂျုံအင်
တစ်ယောက်ထဲမဟုတ်တော့ပဲ ဘေးက
အဖော်ပါလာသည် ။မပျော်ဘူးလည်း မဟုတ်ပေမဲ့
တစ်နေရာရောက်တိုင်း မောင်နဲ့ အတူသာဆိုရင်ဆိုပြီး ခပ်တွေတွေငေးမော
နေတက်တဲ့ ဂျုံအင့်ကို အတွင်းရေးမှူးမလေးက သတိထားမိသော်လည်း ဘာမွေတာ့ ဝင်
မပြော ။Sera shi နဲ့မဟုတ်ပဲ မောင်နဲ့ဆိုရင်
ဂျုံအင့်မျက်နှာပေါ်မှာ ဒီ့ထက်ပိုပြီး အပြုံး
ပန်းတွေ ဝေဆာနေမှာသေချာသည် ။အာရှ ထက် ပိုပြီး လိင်တူကို ပိုအားပေးတဲ့ အနောက်နိုင်ငံတွေကြောင့် ဂျုံအင့်မျက်စိရှေ့
မှာ လိင်တူစုံတွဲလေးတွေ အများကြီး ဖြတ်
သန်းသွားကြသည် ။လိုက်ဖက်လိုက်ကြတာလို့ ဂျုံအင်ရေရွတ်
ရင်း တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ကြတဲ့ ပုံရိပ်တွေက ဂျုံအင့်အမြင်အာရုံထဲ
ဝင်လာတိုင်း ဂျုံအင့်ရင်ထဲ တစ်ဆစ်ဆစ်နာလာ
သည် ။မောင် ... မောင် ... မောင်ဆိုတဲ့ နာမ်စားနဲ့
လူသားတွေက အဲ့လိုပဲ အမြဲရက်စက်ကြတာလား ။ဒါမဲ့ မောင်ဆိုတဲ့ နာမ်စားနဲ့ တည်ရှိတဲ့
အိုဆယ်ဟွန်းဆိုတဲ့ အမျိုးသားကို
ကင်ဂျုံအင်ဆိုတဲ့ ကျွန်တော်က အမြတ်တနိုး
ချစ်ရပါတယ်။မောင်စိတ်လိုလျှောက် ရီလိုက်တိုင်း ပေါ်လာ
တဲ့ သွားစွယ်လေးတွေရယ် ၊ မှေးမှိတ်သွားတဲ့မျက်ဝန်းတွေရယ်၊ နှုတ်ခမ်းပါးလျလျလေး
တွေက ဂျုံအင် မောင့်ကိုချစ်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် လေးတွေ ။မောင် သူ့ဘေးမှာ ကလေးလိုချွဲနေတဲ့အချိန်
ကိုလည်း သဘောကျတယ် ။
လူကြီးတစ်ယောက်လို သူ့အရှေ့မှာ မားမား
မတ်မတ်ရပ်တည်ပေးတဲ့ အချိန်ကိုလည်း သဘောကျတယ် ။
YOU ARE READING
𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //
Fanfiction𝘑𝘶𝘴𝘵 𝘭𝘪𝘬𝘦 𝘢 𝘣𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 𝘐'𝘮 𝘴𝘰𝘳𝘳𝘺 𝘩𝘰𝘯𝘦𝘺... Cover by @byunasunapark00