[17]

354 46 14
                                    

[ Zawgyi ]

" ဒါအခုသောက်ရမဲ့ ဆေးတွေပါ CEO "

ဖန်ခွက်အသေးစားလေးနဲ့အတူ ဆေးငါးလုံး
ကို ကြွေပန်းကန်ပြားလေးထဲ ထည့်ထားပြီး ဆယ်ဟွန်းရှေ့ရောက်လာကာ ဆေးသောက်
ရမည်လို့အသိပေးသံကြားလိုက်တာမို့
အလုပ်လုပ်နေရာကနေ မျက်လုံးကို အနည်း
ငယ် လှန်ပြီး ကြည့်လိုက်သည် ။

" စားပွဲပေါ်မှာ တင်ထားခဲ့လိုက် "

" ဟုတ် "

ဆယ်ဟွန်းအေရှ့က စားပွဲအလယ်မှာ
သောက်ရမဲ့ ဆေးနဲ့ ဖန်ခွက်ကိုတင်ပေးသွားပြီး
တာနဲ့ အတွင်းရေးမှူးက အခန်းပြင်ပြန်ထွက်
သွားသည် ။

ငါးမိနစ်လောက်အကြာမှာ Keyboard ပေါ်မှာပြေးလွှားနေတဲ့လက်လေးတွေကို ခဏ
အနားပေးလိုက်ပြီးမျက်စိရှေ့က ဆေးကို
မသောက်ချင်ပေမဲ့လည်း ယူပြီး ရေနဲ့မော့
သောက်လိုက်သည် ။

မနေ့က သူရုံးခန်းထဲမှာ ပစ်လဲသွားခဲ့ပြီး
နောက် သူ့လက်အောက်က ဆေးရုံတစ်ခုမှာ
ပြန်လည်နိုးလာခဲ့တယ် ။

အမေနဲ့အဖေက လာကြည့်ခဲ့ပေမဲ့ ထုံးစံ
အတိုင်းပဲ နိုးနိုးချင်းမှာပဲ ဆရာဝန်ရဲ့ပြော
ကြားချက်အရရော ဂျုံအင့်အကြောင်းပါ ပြန်
ပါလာတာမို့ အကြီးအကျယ်ရန်ဖြစ်ပြီး ချက်
ချင်းပြန်သွားခဲ့ကြသည် ။

ဒီတစ်ခါတော့ မေမေကပါ ဆယ်ဟွန်းကို ဆူသွားခြင်းဖြစ်သည် ။

မေမေတို့ထွက်သွားပြီးတဲ့နောက်မှာ အခန်းထဲကို ဆရာဝန်ရောက်လာပြီး မနက်ဖြန်မှ
ဆေးရုံက ဆင်းပေးပါဆိုပြီး တောင်းဆိုပြီး
ချိတ်ထားတဲ့ဆေးပုလင်းတွေကို ပြန်လဲပေး
သည်။

အတွင်းရေးမှူးကလည်း စိတ်ချရအောင်
မနက်ဖြန်လောက်ထိ နေပါဦးဆိုပြီး ဆယ်
ဟွန်းကို ဖြောင်းဖြတာမို့ တစ်ရက်လောက်
ဆေးရုံမှာ သောင်တင်ခဲ့သည် ။

ဆယ်ဟွန်းရဲ့ စိတ်နဲ့သာဆို နိုးနိုးချင်းတန်း
ပြီး ကုမ္ပဏီကိုသွားဖြစ်မှာ အမှန်ပင် ။

မနေ့က ဂျုံအင့်ကိုမြင်ယောင်မိတာကလည်း
အလုပ်အရမ်းလုပ်ခဲ့တာမို့ ပင်ပန်းသွားခဲ့လို့
ထိုသို့စိတ်ဂယောင်ခြောက်ခြားဖြစ်သည်လို့
ပဲ ဆယ်ဟွန်း ကိုယ့်ကိုကိုယ့် နှစ်သိမ့်ပြီး
မှတ်ယူလိုက်သည် ။

𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //Where stories live. Discover now