[Zawgyi]
ငယ်ငယ်လေးထဲက ဒီကုတင်ပေါ်မှာ
အိပ်စက်လာခဲ့တာဆိုပေမဲ့ ငါးနှစ်ဆိုတဲ့ အ
့ချိန်အတိုင်းတစ်ခုမှာတော့ ဒီကုတင်
ဒီအခန်းနဲ့ အဆက်အသွယ် ပြတ်ခဲ့ရသည့်မို့
လွန်ခဲ့တဲ့ နှစ်ရက်ကမှ ပြန်ရောက်လာတဲ့အတွက်
ကြောင့် အခုထိ နေသားပြန်မကျသေးပဲ ဂျုံအင့်အတွက် စိမ်းသက်သက်ကြီးဖြစ်နေ
သည်။အေးစက်နေတဲ့ အအေးဓာတ်ကြောင့်
ခက်ခဲစွာ ပွင့်လာတဲ့ မျက်လုံးအိမ်တွေက
လင်းထိန်နေတဲ့ အိပ်ခန်းရဲ့ အလင်းရောင်
ကြောင့်ကျိန်းစပ်နေတာမို့ လက်နဲ့ ကာပြီး
ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။"မောင်ရေ အပူပေးစက် ပိတ်သွားတာလား.."
ဘေးဘီကို လက်နဲ့စမ်းပြီး ကြည့်လိုက်တော့ မောင့်ကို မတွေ့သလို အေးစက်နေတဲ့ နေရာ
ကိုပဲ စမ်းမိသည်။
မောင် အစောကြီးနိုးနေတယ်ထင်ပြီး မောင့်ကို ယောင်ရမ်းကာ ဂျုံအင့်ခေါ်မိပြီးမှ လွန်ခဲ့တဲ့ နှစ်ရက်ထဲက ဂျုံအင် ကွန်ဒိုကနေ
ထွက်လာခဲ့တယ်ဆိုတာ သတိရသွားသည်။ဂျုံအင်ကတော့ အေးစက်နေတဲ့ ကုတင်ထက်
မှာ နိုးလာပေပမဲ့ မောင်က
တော့ သူ့ကောင်လေး မချမ်းအောင် သူ့တစ်
ကိုယ်လုံးနဲ့ သိမ်းကျုံးဖက်ပြီးမနက်ခင်းကို
ကြိုဆိုနေမလား...မောင်က အရမ်းဂရုစိုက်တက်တဲ့ သူမို့ အဲ့
ကောင်လေး ကံကောင်းပါတယ်။မျက်နှာကြတ်မှာ ရှိတဲ့ အခန်းမီးဆိုင်းရဲ့ အ
လင်းရောင်က ဘာလို့များအဲ့လောက် လင်းထိန်နေရတာလဲ ။အဲ့လောက်အလင်းစူးနေလို့ မျက်နှာကြတ်
ကို မော့မကြည့်ပဲနဲ့တောင် ဂျုံအင့်မျက်ဝန်း
ကနေ မျက်ရည်တွေတောင် ကျလာရပြီ။နောက်နေ့ကြမှ ကိုကို့ကို ဂျုံအင့်ရဲ့ အခန်းမီး
ကို အရောင်ဖျော့ဖျော့နဲ့ ပြောင်းလဲခိုင်းရ
မယ်။
မဟုတ်ရင် မနက်အိပ်ရာနိုးတိုင်း အလင်းစူးစူး
ကြောင့် ဂျုံအင် ခဏခဏမျက်ရည်ကျနေရဦးမယ် ။ပါးပြင်ကို ကျဆင်းလာတဲ့ မျက်ရည်စတွေကို
သုတ်လိုက်ပြီး ကုတင်ဘေးက
ခုံမှာတင်ထားတဲ့ ဖုန်းကို လက်ဆန့်ကာ
လှမ်းယူလိုက်ပြီး တစ်ယောက်ယောက်များ
ဂျုံအင့်ကို ဖုန်းခေါ်ထားမလားဆိုတဲ့ စိတ်
လေးနဲ့ ယူကြည့်လိုက်တော့
အဝင်call မရှိသည့် lock screen လေးက ဂျုံအင့်ရဲ့ မျှော်လင့်ချက်လေးကို ရိုက်ချိုး
လိုက်သလိုပဲ ။
YOU ARE READING
𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //
Fanfiction𝘑𝘶𝘴𝘵 𝘭𝘪𝘬𝘦 𝘢 𝘣𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 𝘐'𝘮 𝘴𝘰𝘳𝘳𝘺 𝘩𝘰𝘯𝘦𝘺... Cover by @byunasunapark00