[24]

281 46 10
                                    

[ Zawgyi ]

ဆွယ်တာအနက်ရောင် လက်ရှည်လည်ပိတ်
အသားကို ​အောက်ခံ shirt အနေနဲ့ဝတ်ဆင်
ထားပြီး Style pant black နဲ့ အပေါ်ကနေ
ပွဲတက် Black coat ကို ထပ်ကာ တစ်ကိုယ်
လုံး နက်ဆွေးနေအောင် ဝတ်ဆင်ထားသည့်
ဂျုံအင်က လူအများကြားမှာ ထင်းထွက်နေ
ကာ ပူအိုက်နေတဲ့ကြားက ရှုထောင့်မျိုးစုံမှ
ကင်မရာအမျိုးမျိုးက သူ့ထံလာစုနေတာမို့
ဂျုံအင်မသိမသာ သက်ပြင်းခိုးချလိုက်သည်။

Dance teacher/ choreographer
တစ်ယောက်အနေနဲ့ ပွဲမတက်လည်း ရပါ
ရက်နဲ့ CEO ရဲ့နားပူနားဆာ ပြောမှုတွေ
ကြောင့် နှစ်ကုန်ခံနီးအချိန်မှာ
ပြုလုပ်လေ့ရှိတဲ့ Mnet Asia Music Show
( တစ်နည်း ) Music award ချီးမြှင့်တဲ့ ပွဲကို
စိတ်အိုက်စွာဖြင့် ပွဲတက်လာရသည်။

သီချင်းရေးဆရာတို့ ပရိုဂျူဆာတစ်ချို့
လည်းရှိကြပေမဲ့ သူ့တစ်ယောက်ထဲကိုပဲ
ကွက်ပြီးကြည့်နေကြတာမို့ စိတ်မသက်သာ။

ဒီလို ထင်ပေါ်ရတာတွေကိုမကြိုက်တာမို့
Idol လမ်းကိုတောင်မရွေးခဲ့သည်ကို အခု
တော့ Ent ဆီကို တည့်တည့်ဆိုက်ရောက်လာ
တဲ့ Invitation Card ကြောင့် ပွဲကိုစရောက်
လာကတည်းက Idol မဟုတ်ပဲ Ent ကိုယ်စား
လာကြတဲ့ လူတွေ ၊ music ​လောက က
တစ်ခြားနာမည်ကြီး လူ​တွေရဲ့ မျက်စိဒေါင့်
ထောက်ကြည့်ကာ အာရုံစိုက်ခြင်းကို အခုထိ ခံနေရသည်။

ကိုယ်နဲ့မသိတဲ့ သူတွေလာနှုတ်ဆတ်တာကို
လည်း ဝတ္တရားအရမပြုံးချင်လည်း ပြုံးပြနေ
ရသလို ချက်ချင်းထပြန်လို့မရသည်ကြောင့်
ဖျော်ဖြေတဲ့ သီချင်းတွေကိုကြည့်လိုက်၊
ဆုလက်ခံရရှိတဲ့ သူကိုကြေငြာရင် လက်ခုပ်တီး
ပေးလိုက်နဲ့ ဂျုံအင် စိတ်အတော်ညစ်နေ
သည်။

ဂျုံအင့်အကြောင်းသိတဲ့ အနီးနားမှာရှိတဲ့ Ent တူ တပည့်လေးတွေကဘေးနားကနေ စကား
လှမ်းပြောပေးနေပေမဲ့ သူတို့လည်း Idol image ထိန်းရတာနဲ့ စင်ပေါ်မှာ ဆုတက်ယူရနဲ့မို့ မြောက်မြားစွာသော Idol group တွေ
ကြားထဲမှာ ဂျုံအင်တစ်ယောက်တည်းဖြစ်နေသည်။

မင်ဂျွန်းကတော့ ဂျုံအင် ဒီဆုပေးပွဲကိုတက်
မယ်ဆိုတဲ့ သတင်းလည်းကြားရော ဝမ်းသာ
အားရတွေဖြစ်ကာ တိုက်ရိုက်ထုတ်လွှင့်မည်
ကို သေချာပေါက်စောင့်ကြည့်မည်ဟု ပွဲမတိုင်
ခင်နေ့အထိ ခဏခဏပြောနေလေရဲ့...။

𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //Where stories live. Discover now