[Zawgyi]
သုံးရက်..
သုံးရက်တာမျှ အချိန်မှာ ဂျုံအင်
စိတ်လွတ်ကိုယ်လွတ် စိတ်ထဲရှိရာ အကုန်
လျှောက်လုပ်ပစ်သည် ။အရင်တုန်းက ချုပ်တည်းထားတဲ့အရာတွေ
ရော ၊ ဦးနှောက်နဲ့ပင် မစဉ်းစားဖူးသည့်
အရာတွေကိုပါ စိတ်ကိုလွှတ်ချကာ လွတ်
လွတ်လပ်လပ် လုပ်ပြီး နေပစ်လိုက်သည် ။အပေါင်းအသင်းများရတာကို ကြိုက်နှစ်
သက်ခြင်းမရှိတဲ့ ဂျုံအင်က အခုလူမျိုးခြား
ယောကျာ်းလေး သုံးယောက်နဲ့ club မှာ
စတွေ့ပြီး ပေါင်းမိသွားသည် ။တစ်ခြားသူတွေပြောတဲ့ ယောကျာ်းလေးတွေက ခင်မိပေါင်းမိဖို့လွယ်တယ်ဆိုတာ ဒါမျိုးကိုပြောတာထင်ပါရဲ့ ။
ဂျုံအင်ကတော့ ငယ်စဉ်ကတည်းက တစ်စုံ
တစ်ယောက်နဲ့ပဲ ပေါင်းပြိးဖြတ်သန်းလာခဲ့တာမို့ ဒါကို မသိတာနေမယ် ။Daniel James , Louis Matthew ,
Alex Tylerအရှေ့နာမည်ရဲ့အနောက်မှာ ကပ်ပါလာတဲ့ မျိုးရိုးနာမည်တွေဟာ တွေ့ဆုံသည့်လူတိုင်း
ကို ရှိန်စေသည်ကို ဂျုံအင် အချိန်တိုလေး
အတွင်း သိလိုက်ကသေးသည် ။သုံးရက်လုံး သူတို့နဲ့အပြင်တွေလျှောက်
သွားတာကို ကိုကိုက သိပေမဲ့ဘာမှဝင်မပြော။ကိုကိုမပြောရင်တောင် သူတို့သူံးယောက်ရဲ့
နောက်ကြောင်းရာဇဝင်ကို စုံစမ်းထားပြီး စိတ်
ချရလို့ ဂျုံအင့်ကို လွှတ်ထားပေးသည်ပဲဖြစ်ရ
မည် ။ဂျုံအင်နဲ့ရွယ်တူဖြစ်ကာ သုံးယောက်လုံး
သည် နာမည်ကြီး Home Designer ဖြစ်တာ
ပြီး မိဘနောက်ခံကလည်း အသိုင်းအဝိုင်းကြီး
တာမို့ အရမ်းဆိုးသည့်ထဲ မပါပေ ။အနှောင်အဖွဲ့ကင်းကာ အိမ်နဲ့ခွဲနေကြပြီး
တူတူစုနေကြသည့်တိုင် ကိုယ့်ကိုယ်ကို
ထိန်းကျောင်းနိုင်သည့် သူတို့ကလည်း ဟော့
ဟော့ရမ်းရမ်းမနေကြ ။မကြာခင်ရက်အတွင်း ကိုရီးယားကို ပြန်တော့
မည်လို့ ပြောလိုက်တော့ ခင်တာဘယ်
လောက်မှတောင် မကြာသေးဘူး ခွဲရတော့မှာ
လားဆိုပြီး ညီးညူကြကာ ကိုရီးယားကို
အလည်လာဦးမှာမို့ ဧည့်ဝတ်ကျေဖို့ ပြင်
ထားဟုလည်း သေသေချာချာ ခဏခဏ မှာ
သေးသည် ။

YOU ARE READING
𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //
Fanfic𝘑𝘶𝘴𝘵 𝘭𝘪𝘬𝘦 𝘢 𝘣𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 𝘐'𝘮 𝘴𝘰𝘳𝘳𝘺 𝘩𝘰𝘯𝘦𝘺... Cover by @byunasunapark00