[Zawgyi]
" ကိုကိုရေ ~ "
"ခစ်...ခစ်... "
အကြားအာရုံထဲကို ဝင်လာတဲ့ ရီသံသဲ့သဲ့လေးနဲ့ ပါးပြင်ကို တို့ထိနေတဲ့ တစ်စုံတစ်ရာရဲ့ အထိအတွေ့ ...
နဖူးပေါ်ကို ခပ်အုတ်အုတ် ကျဆင်းနေတဲ့
ဆံသားပျော့ပျော့တွေက ပြ
တင်းပေါက်ပိတ်ထားပါရဲ့နဲ့ ဘယ်က
တိုက်လာမှန်းမသိတဲ့ လေပြေလေးကြောင့် အနည်း
ငယ်ယိမ်းခါပြီး လှုပ်ရှားနေသည် ။ပါးပြင်ကနေ တစ်ဆင့် ... နှုတ်ခမ်းပါးဆီ ရောက်
လာတဲ့ အထိအတွေ့ ။သူ့ရဲ့နှုတ်ခမ်းပါးပေါ်မှာ တစ်စုံတစ်ယောက်ရဲ့
လက်ချောင်းတွေက ပြေးလွှားနေသည် ။ထို့နောက် မျက်နှာရဲ့ အစိတ်အပိုင်းတစ်ခုစီကို တစ်စုံတစ်
ယောက်က မျက်တောင်မခတ် စိုက်ကြည့်နေသလို ခံစားလာရသည် ။နားထဲသို့ လေမှုတ်ထုတ်လိုက်သလို ဝင်လာတဲ့
လေသံတွေကြောင့် ဆယ်ဟွန်း မျက်လုံးအစုံ
ကို ဖွင့်လိုက်တော့သည် ။ဒီအချိန်က နေမထွက်သေးမှန်း ဆယ်ဟွန်း
သိသည် ။မျက်လုံးတစ်စုံကို ဖွင့်လိုက်ခြင်းမှာတင် ကြည်
လင်စွာ ပြုံးရီနေတဲ့ တစ်စုံတစ်ယောက်ရဲ့ မျက်
နှာကို ထင်ထင်ရှားရှား အနီးကပ်မြင်လိုက်
ရသည် ။ထိုသူက ... ပြုံးရီနေတဲ့ မျက်နှာလေးနဲ့ သူ့ကို စိုက်ကြည့်နေသည့် ရှင်းလေး ။
ပထမဆုံးခေါင်းထဲ ဝင်လာတဲ့ အတွေးက
ဆယ်ဟွန်းရဲ့ အခန်းထဲကို ဘယ်လိုဝင်လာ
တာလဲဆိုတာပဲ ။မနက်စောစော ဘာလို့ ဆယ်ဟွန်းအခန်းထဲ
ရောက်နေတာလဲဆိုတာ မသိ ။ဆယ်ဟွန်းမနေ့က တံခါးပိတ်တာ အံဝင်ခွင်
မကျ ဖြစ်နေလို့ အလွယ်တကူ ဝင်လာလို့ ရ
တာလား ။" မနက်အစောကြီး ရှိသေးတယ်လေ ကလေး
အခန်းထဲကို ဘယ်လိုဝင်လာတာလဲ "ရှင်းလေးက ခြေထောက်နှစ်ချောင်းကို
ကုတင်အောက် ချပြီး သူ့ဘေးနားက
နေရာလွတ်မှာ ဘေးတစ်စောင်း ငုတ်တုတ်
ထိုင်ကာ သူ့ကို ငုံ့ကြည့်နေရာမှ ချက်ချင်း
ဆယ်ဟွန်းနားက ပိုနေသည့် နေရာလွတ်
ဆီ လှဲချကာ ခါးကို ဖက်
လာပြီး ရင်ခွင်ထဲ တိုးဝင်လာသည် ။
YOU ARE READING
𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //
Fanfiction𝘑𝘶𝘴𝘵 𝘭𝘪𝘬𝘦 𝘢 𝘣𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 𝘐'𝘮 𝘴𝘰𝘳𝘳𝘺 𝘩𝘰𝘯𝘦𝘺... Cover by @byunasunapark00