[Zawgyi]
အချိန်တွေကြာလာပြီ ။
Las Vegas ကို
ဂျုံအင်ရောက်တာ ဒီနေ့နဲ့ဆို နှစ်ပတ်တိ
တိပြည့်ခဲ့ပြီ ။တစ်နေကုန်နေလို့ တစ်ခါလေးတောင်အစားလည်း မစားချင်တော့ပါ။
အချိန်ပြည့် အိပ်ရာပေါ်မှာပဲ လှဲနေချင်တော့
သည် ။ရောက်ခါစ သုံးလေးရက်လောက်ပဲမောင့်ကို
မေ့ပြီးနေနိုင်သည် ။
ဒါတောင် အဲ့သုံးလေးရက်အတွင်း မောင့်ကိုလုံးလုံးမေ့သွားတာမဟုတ် ။မနက်မိုးလင်းတာနဲ့ ငါးနှစ်တာပုံမှန်လုပ်နေ
ကြအတိုင်း ဘေးနားက နေရာအလွတ်ကို ဂျုံအင် သတိလက်လွတ် လက်နဲ့စမ်းမိသည်။ဂျုံအင် ကိုရီးယားမှာရှိနေတာမဟုတ်မှန်း
သတိဝင်လာမှ ဘေးနေရာကို စမ်းနေတဲ့
လက်ကို ပြန်ရုတ်သိမ်းသည် ။ငါးရက်မြောက်နေ့ ရောက်လာတာနဲ့
ဂျုံအင်
လျှောက်မသွားချင်တော့ပါ ။
ကိုကိုက အတင်းနှင်လွှတ်လည်း ဂျုံအင်
ပေကပ်ပြီး ဟိုတယ်အခန်းထဲမှာပဲ နေသည် ။မောင့်ကို လွမ်းသည် ။ မောင့်ကို ဂျုံအင်တွေ့
ချင်သည် ။မောင့်ရင်ခွင်ကျယ်ကိုလည်း ဂျုံအင်လွမ်း
သည် ။မောင်ကသာ ဂျုံအင်နားခိုချင်တဲ့ နွေးထွေး
တဲ့ နေရာလေးတစ်ခု ။မောင့်လက်တွေနဲ့ ဂျုံအင့်ကို ဖက်ထားတာကို
လိုချင်သည်။ မောင်နှစ်သိမ့်ပေးတာကို
ဂျုံအင် အရူးတစ်ယောက်လို မက်မောလာသည်။ဒါဖြစ်မှာမဟုတ်မှန်းလည်းသိသည် ။ အခု
ချိန်မှာ ဂျုံအင် ကိုယ့်စိတ်ကိုယ် နားမလည်နိုင်
တော့ပါ ။လိုလိုလားလားနဲ့ မောင်ပျော်ရင်ပြီးတာပဲဆို
တဲ့အကြောင်းပြချက်နဲ့ မောင့်ကို လွှတ်ပေး
လိုက်ပြီးမှ ပြန်လိုချင်တဲ့ ကိုယ့်ကိုကိုယ် ထု
ရိုက်ချင်သည် ။မောင့်ကိုယ်သင်းနံ့က တစ်ခါတစ်လေ ဂျုံ
အင့် နှာခေါင်းထဲ ဝင်ဝင်လာသည် ။
မောင်မရှိမှန်းသိပေမဲ့ ဒီအနံ့က ဘယ်က
ရောက်လာလဲ မသိ ။အခုနောက်ပိုင်း လှပတဲ့မြို့က အမြဲမိုးရွာလာ
သည် ။ တံခါးအပြင်ဘက်ကို ကြည့်တော့ မိုးရေ
စက်တွေကိုပဲ မြင်ရသည် ။

YOU ARE READING
𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //
Fanfiction𝘑𝘶𝘴𝘵 𝘭𝘪𝘬𝘦 𝘢 𝘣𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 𝘐'𝘮 𝘴𝘰𝘳𝘳𝘺 𝘩𝘰𝘯𝘦𝘺... Cover by @byunasunapark00