[10]

295 48 12
                                    

[Zawgyi]

မူလတန်း ၊ အလယ်တန်းထဲက ဘာကိုမှ စိတ်
မဝင်စားပဲ စာကိုသာ ဂရုတစိုက်လုပ်လာ
ခဲ့သလို အထက်တန်းကျောင်း ကနေ
တက္ကသိုလ် တက်ပြီး အသက်ပြည့်ပြီးလို့
၂၀​ကျော်အရွယ် လူငယ်တစ်ယောက်ဖြစ်လာသည်အထိ ခြေဦးတောင် မလှည့်ဖူးသည့်
နေရာကို ဂျုံအင် စမ်းတဝါးဝါးနဲ့ ရောက်လာခဲ့ပြီ ။

ဘယ်လိုစိတ်ကူးမျိုးနဲ့ရောက်လာခဲ့လည်း
မသိပေမဲ့ ​နောက်ပြန်ဆုတ်ဖို့ အတွေးမရှိ ။

အထက်တန်းကျပြီး သာမာန်နေရာတွေထက်
အဆင့်အတန်းပိုမြင့်တဲ့ Bar တစ်ခုကို
ငြိမ့်ငြောင်းပြီး သာယာတဲ့ အသံလှိုင်းနဲ့
တေးသီနေကြတဲ့ အနောက်တိုင်းအမျိုးသမီး
များက အလှဆင်နေကြသည် ။

မူးယစ်ရမ်းကားသူမရှိပဲ သီချင်းသံ နဲ့တစ်ခါ
တစ်ရံ ဖန်ခွက်အချင်းချင်းတိုက်နေသည့် အသံ သာ
ထွက်ပေါ်နေတဲ့ နေရာလေးက အထူးအဆန်း
ဖြစ်နေတဲ့ ဂျုံအင့်အတွက် အနည်းငယ် သက်
သာစေသည် ။

Barman ကောင်လေးစီက အရက်အပြင်းဆုံး
ကိုရရှိပြီးတဲ့နောက် ခေါင်းကိုမော့ပြီး ဖန်ခွက်
ကနေတစ်ဆင့် လျှာဖျားကနေ လည်ချောင်းထဲကို အရှိန်ပြင်းပြင်းနဲ့ ခါးသက်စွာ ဖြတ်သန်းစီး
ဝင်စေလိုက်သည် ။

အခုချိန်မှာတော့ နာကျင်မှ ဒဏ်ကို ဖြေ
ဖျောက်ဖို့ သူအသစ်အဆန်းတွေ စသုံးနေပြီ
လေ ။

တစ်သက်လုံး တို့ထိဖို့် စိတ်တောင်မကူးဖူး
တဲ့ အရာကို သူထပ်ခါထပ်ခါ တလဲလဲ ကြိုက်
နှစ်သက်နေပြီ ။

ခါးတယ် ၊ ပူလောင်စေတယ် ..
ဒါမဲ့ မောင်ပေးတဲ့ ဒဏ်ရာက သူတို့ထက်
အဆပေါင်းများစွာသာနေတော့ ပထမဆုံး စ
စမ်းဖူးပေမဲ့ အရက်ဆိုတာလည်း သူ့
အတွက် ချိုလွန်းနေသည် ။

ဖန်ခွက်ကို အကုန်မော့ချလိုက်တာမို့ ဂျုံအင့်
ဘေးနားက ခုံမှာ ထိုင်​နေတဲ့ ကောင်လေးက အကဲခတ်နေသလိုကြည့်နေသည် ။

သူများတွေ ဇိမ်နဲ့သောက်နေချိန်မှာ ခါးသီး
လှတဲ့အရသာနဲ့ အရက်ကို အကုန်မော့ချလိုက်
တဲ့ဂျုံအင့် ကို အကဲခတ်သလို ကြည့်နေတာ
လည်း မထူးဆန်းပါ ။

𝘉𝘰𝘰𝘮𝘦𝘳𝘢𝘯𝘨 // 𝙊𝙣𝙜𝙤𝙞𝙣𝙜 //Where stories live. Discover now