အမှောင်ည၏ အောက်တွင် မီးရောင်စုံများစွာဖြင့် တန်ဆာဆင်ထားသော S မြို့တော်။
ညဘက်ပင်ဖြစ်လင့်ကစား လမ်းမပေါ်တွင်သွားလာနေကြသော ကားမီးရောင်စုံ၊ ဆိုင်ခန်းများမှ မီးရောင်များနှင့် Clubများမှ ထွက်ပေါ်နေသော မီးရောင်များနှင့် မြို့တော်သည် ညမြို့တော်တစ်ခုအလား။
'M-779' ဟုခေါ်ဆိုသော နာမည်ကြီး Night Clubတစ်ခု။
'M-779'သည် ဖွင့်ထားသည်မှာ မကြာသေးသော်လည်း ပိုက်ဆံရှိခေတ်လူငယ်များ၊ အမှောင်သမားများအကြားတွင် အလွန် နာမည်ကြီး၍ ရေပန်းစားလေသည်။အကြောင်းမှာ သင်လုပ်ချင်တာမှန်သမျှ လုပ်၍ရသလို သင်အလိုရှိပါက မိန်းမ၊ ယောကျာ်း၊ ဆေး ၊ အရက်နှင့် လက်နက်တို့ကိုပင်ဝယ်ယူနိူင်လေသည်။ တန်ကြေးအနေနဲ့ကတော့ သင့်အသက်ကို အာမခံလေးထားပေးရုံပင်။ သင်က အပြင်တွင် မည်မျှပင်ပိုက်ဆံပေါများ၍ အာဏာရှိနေပါစေ သင်၏ အာဏာမှာ 'M-779' အတွင်းဝင်ရောက်လာလျှင် အသုံးမဝင်ပေ။တနည်းအားဖြင့်ဆိုလျှင် နိူင်ငံ၏ ဥပဒေသည် 'M-779' အပေါ်သို့ မသက်ရောက်နိူင်။
'M-779'၏ မြေအောက်ခန်းတွင် လက်နက်နှင့် မူးယစ်ဆေး ရောင်းဝယ်နိူင်ပြီး ပထမအထပ်တွင် dance floor နှင့် အရက်ဘားတစ်ခုထားရှိလေသည်။ ဒုတိယ အထပ်တွင်တော့ Gay Bar ဖွင့်ထားပြီး တတိယထပ်တွင်VIP Coustmer များအတွက်ထားရှိလေသည်။ အပေါ်ဆုံးအထပ်တွင်တော့ လသာဆောင်သဘောမျိုး မည့်သည့်အရာမျှမရှိဘဲ ဟင်းလင်ပြင်အတိုင်းထားရှိလေသည်။
Club၏အပြင်ဘက်တွင် ရပ်ထားသောကားများ၊ ဆိုင်ကယ်များက Shoowroomတစ်ခုအလား အစီရီထားရှိလျှက်။
Jeonသခင်လေး မောင်းလာသောကားအမည်းလေးမှာ 'M-779'၏အရှေ့သို့ ထိုးရပ်သွားလေသည်။ သူသည်ကားပေါ်မှဆင်းလာပြီးနောက် Club အတွင်းသို့ ဝင်ခဲ့လေသည်။
Jeon ရဲ့ချောမောသော မျက်နှာပေါ်တွင် ဒဏ်ရာအချို့ရှိနေပြီး နဖူးစပ်တွင် ချွေးစအချို့ ကပ်ငြိနေလေသည်။ Jeonရဲ့မျက်နှာထားမှာ သုန်မှုန်နေပြီး Jeonသည် ခပ်မိုက်မိုက် bad boyလေးတစ်ယောက်ကဲ့သို့ ကြည့်ကောင်းနေလေသည်။
Jeon သည် ပထမအထပ်ရှိ ဘားသို့တန်းတန်းမတ်မတ် လျှောက်သွားလိုက်လေသည်။ ကောင်လေးအချို့နှင့် ကောင်မလေးတို့၏ မျက်လုံးများက Jeon သွားရာနောက်ကပ်ငြိလျှက်။
YOU ARE READING
အတ္တနှောင်ကြိုး (အတၲေနွာင္ႀကိဳး)